ပေါက် စက်တင်ဘာ ၁၁ ရက်
ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ များ စာပေကိုအလွယ်တကူ ဖတ်ရှုနိုင် စေရန်နှင့် စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတ ပြည့်ဝစေရန်ရည်ရွယ်၍ အ ပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့် သောက်ကြာနေ့ တိုင်း အောင်တော်မူရပ်ကွက်နေ လက် ထောက်မြေစာရင်းဦစီး(ငြိမ်း) ဦးအောင် သန်းမောင် နေအိမ်တွင် ရွေ့လျားစာ ကြည့်တိုက်(Mobile Library) ဖွင့်လှစ် ၍ စာအုပ်များငှားရမ်းပေးလျှက်ရှိကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်တွင်သုတ/ ရသ စာအုပ် ၅၀ ကျော်ကိုရပ်ကွက်အ တွင်းရှိ ပြည်သူများ| အ ငြိမ်းစားဝန်ထမ်း များ|စာပေဝါသနာရှင်များကို ငှားရမ်း ပေးတာ စာအုပ်များကို ရက်သတ္တ တစ် ပတ်ပြည့်လျှင် ပြန်လည်အပ်နှံစေပြီး စာ အုပ်အသစ်များ လဲလှယ် ငှားရမ်းပေး လျက်ရှိကြောင်း သိရသည်။"ရပ်ကွက် အ တွင်းမှာ ရွေ့လျားစာကြည့်တိုက်ကို အပတ်စဉ်ဖွင့်လှစ်ပေးပါတယ်| ဖွင့်တဲ့ ရက်တိုင်းမှာလဲ စာအုပ်ငှား သူ(၃၀) ကျော်အထိ လာရောက်ငှားရမ်းဖတ်ရှု ကြပါတယ်|အပတ်စဉ်ဖွင့်လှစ်ပေးတဲ့အ အတွက် စာအုပ် အလှူရှင်များက စာအုပ်များလှူဒါန်းကြသလို စာအုပ်ငှား သူဦးရေလည်း အပတ်စဉ်တိုးတက် လျက်ရှိပါတယ်" ဟု မြို့နယ်ပြန်/ဆက် ရုံး စာကြည့်မှူး ဒေါ်ခင်သန်းဆင့်က ပြောပြသည်။
ထို့အပြင် မြို့နယ်ပြန်/ဆက်ရုံးရှိ ပြည်သူ့စာကြည့်တိုက်ကိုလည်း အင်္ဂါ နေ့မှ စနေနေ့အထိဖွင့်လှစ် ပေးလျက်ရှိပြီး ပေါက်မြို့ပေါ်ရှိ ကျောင်းများနှင့် ကျေးရွာများအထိ ရွေ့လျားစာကြည့်တိုက်များဖွင့်လှစ်ပေး လျက်ရှိကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)
0 comments:
Post a Comment