ပွင့်ဖြူ စက်တင်ဘာ ၁၃
၂၀၁၅ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှု တွေ့ဆုံဆွေးနွေးပွဲကို
စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗိုလ်ဥတ္တမခန်းမ၌
ပြုလုပ်ခဲ့သည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး အောင်ဆန်းမြင့်မှ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးဆောင်ရွက်ထားရှိမှု မဲရုံအလိုက်
လုံခြုံရေး ဆောင်ရွက်ရန် အထူးရဲ(၁၅၉ )ဦးကိုဝတ်စုံပြည့်ဖြင့် ဆောင်ရွက်ထားရှိမှု အထူးရဲများအား
သင်တန်းပို့ချရန်စီစဉ်ဆောင်ရွက်ထားရှိမှု စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့
နယ်ဖွံ့/ထောက်ကော်မတီဝင်များ၊ရပ်မိရပ်ဖများ၊ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ
နှင့် သတင်းမီဒီယာများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment