Monday, September 28, 2015

ပခုက္ကူခရိုင် ကော်မရှင်အဖွဲ့ခွဲ မြိုင်မြို့နယ်သို့ ကွင်းဆင်းဆောင်ရွက်




မြိုင်    စက်တင်ဘာ    ၂၄

          ပခုက္ကူခရိုင်  ကော်မရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌ  ဦးရွှေကျော့  နှင့်အဖွဲ့ဝင်များဖြစ်ကြသည့်  ဦးလှသန်း၊   ဦးဗိုလ်၊
ဦးဇော်ဌေးအောင်၊ ဦးဇော်သူ တို့ လိုက်ပါလျှက် စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၉နာရီက မြိုင်မြို့နယ် ကော်မရှင်
အဖွဲ့ခွဲရုံးသို့ ရောက်ရှိ၍ မြို့နယ်ကော်မရှင်အဖွဲ့များနှင့် တွေ့ဆုံကာ မြို့နယ်၊ ရပ်ကွက် /ကျေးရွာများရှိ မဲဆန္ဒရှင်များ
နှင့် ညိုနှိုင်းဆွေးနွေးကြသည်။
          ထို့နောက်  ခရိုင်ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ  အတွင်းရေးမှူး  ဦးမျိုးမင်းသိန်း၊ အဖွဲ့ဝင်
ဦးခင်ဦး တို့သည် မြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်နှင့်သက္ကယ်ကန်၊ ဘောင့်ဘင်၊ဂျုတ်ကုန်း၊ ဆိတ်ချေး၊ ဗဟင်းအုပ်စု
များရှိ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်ကြပြီး ကော်မရှင်အဖွဲ့ခွဲများနှင့် တွေ့ဆုံကာ မဲဆန္ဒရှင် မဲစာရင်းများ
ကြေညာထားရှိမှု ရှိ/မရှိ ၊ မဲစာရင်း အတိုး/အလျော့ ရှိ မရှိ ပြည်သူတွေ လာရောက်ကြည့်ရှုမှု အခြေအနေများကို
မေးမြန်း၍  မဲစာရင်းနှင့် ပတ်သက်သည်များကို  ရှင်းလင်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။ 
 အောင်ကျော်မြင့်

0 comments:

Post a Comment