မကွေး စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊
မကွေးခရိုင် ၊ ချောက်မြို့နယ်၊ ထိန်ကန်ကျေးရွာနေ ကျော်ဦး (၄၇) နှစ် ၏ နေအိမ်တွင်
နှစ်လုံး/သုံးလုံးထီ များရောင်းချ ၊နေကြောင်း သတင်းအရ စက်တင်ဘာ ၉ ရက်နေ့ နံနက်
(၁၁) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်
မျိုးနိုင်နှင့်ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ
နှစ်လုံးထီ၊ သုံးလုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းနှင့် အတူ
ငွေစက္ကူရောရာ ၄၁၆,၂၅ဝိ/-တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ဦးအား
ချောက်မြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အလားတူ
၎င်းနေ့ ညနေ (၃း၁၅) နာရီအချိန်တွင် မကွေးမြို့၊ မကွေးမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မကွေးမြို့၊ မြို့ဟောင်းအမှတ်(၂)ရပ်ကွက်နေ
ဦးသန်းထွန်း (၅၆)နှစ်၏ နေအိမ် တွင် နှစ်လုံး/သုံးလုံးထီ
လောင်းကစားမှုပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ ဦးသန်းထွန်းမှ နေအိမ်ရှေ့
ခြံစည်း ရိုးတံခါးအား သော့ခတ်ထားပြီး ဖွင့်မပေးသဖြင့် တွန်းဖွင့်၍ ဝင်ရောက်ရှာဖွေရာ
သုံးလုံးထီ လောင်း ကစား ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့်အတူ
လောင်းကြေးငွေစက္ကူရောရာ ၆၈,၃ဝဝိ/-အား ရှာဖွေ တွေ့ရှိသိမ်းဆည်း ရမိသဖြင့်
သန်းထွန်းအား မကွေးမြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်
လျှက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment