Saturday, September 12, 2015

ရွေး​ကောက်​ပွဲ​အောင်​မြင်​စွာ ကျင်းပနိုင်​​ရေးအတွက်​​တွေ့ဆုံ​ဆွေး​နွေးပွဲကျင်းပ


နတ်​​မောက်​          စက်​တင်​ဘာ ၁၀
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​အဖွဲ့ခွဲ​ကော်​မရှင်​၊အ​ရွေးချယ်​ခံလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း​များ၊သက်​ဆိုင်​ရာပါတီများ၂၀၁၅ခုနစ်​နိုဝင်​ဘာ၈ရက်​​နေ့တွင်​ကျင်းပမည့်​​ရွေး​ကောက်​ပွဲ​အောင်​မြင်​စွာကျင်းပနိုင်​​ရေးအတွက်​စက်​တင်​ဘာ၉ရက်​နံနက်​၁၁နာရီကမြို့နယ်​​ကော်​မရှင်​အဖွဲ့ခွဲရုံးခန်းမတွင်​ညိုနိုင်းစည်း​ဝေးပွဲကျင်းပခဲ့သည်​။
အဆိုပါအခမ်းအနားတွင်​မြို့နယ်​​ကော်​မရှင်​ဥက္ကဌမှ၂၀၁၅ခုနစ်​နိုဝင်​ဘာ၈ရက်​တွင်​ကျင်းပမည့်​​ရွေး​ကောက်​ပွဲ​အောင်​မြင်​နိုင်​​ရေးအတွက်​အဖွင့်​အမှာစကား​ပြောကြားပြီးမြို့နယ်​​ကော်​မရှင်​အတွင်း​ရေးမှူးမှပြည်​​ထောင်​စုသမ္မတမြန်​မာနိုင်​ငံ​တော်​ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ညွှန်​ကြားချက်​အမှတ်​၁\၂၀၁၄နှင့်​ပတ်​သက်​သည့်​​ရွေး​ကောက်​ပွဲဆိုင်​ရာစု​ဝေး​ဟော​ပြောခြင်းနှင့်​မဲဆွယ်​စည်းရုံးခွင့်​၏အချက်​(၁၉)ချက်​တို့ကိုဖတ်​ကြားရှင်းလင်းခဲ့သည်​။ထို့​နောက်​တက်​​ရောက်​လာကြ​သော​ကော်​မရှင်​အဖွဲ့ဝင်များ၊​အ​ရွေးချယ်​ခံလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း​များနှင့်​သက်​ဆိုင်​ရာပါတီတို့မှ​ဆွေး​နွေးတင်​ပြခဲ့ကြရာမြို့နယ်​​ကော်​မရှင်​ဥက္ကဌမှပြန်​လည်​ရှင်းလင်း​ပေးခဲ့​ကြောင်းသိရသည်​။    လှဝင်း(iprd)

လှဝင်း

0 comments:

Post a Comment