ပွင့်ဖြူ စက်တင်ဘာ ၁၄
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ(၂၀၅)ရွာနှင့် ရပ်ကွက်(၄)ရပ်ကွက်တို့တွင်
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၌
မဲဆန္ဒရှင်နှင့် ပြည်သူများ အလွယ်တကူ မဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် မဲစာရင်း ကြေညာခြင်းကို ယနေ့နံနက်
၆ နာရီမှညနေ ၆ နာရီအထိ နေ့စဉ်ကြေညာပေးသွားမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မဲစာရင်းကြေညာရာ နေရာများတွင် ရပ်/ကျေးကော်မရှင်
အဖွဲ့ဝင်များက မဲစာရင်းမပါသောသူများအား ပုံစံ- ၃ များဖြင့်ထုတ်ပေးခြင်း ကန့်ကွက်လိုလျင်
ပုံစံ-၄ ထုတ်ပေးခြင်းနှင့်ပြင်ဆင်ရန် ပုံစံ-၄- ဂ တို့အားဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်
ပေးလျက်ရှိရာ စက်တင်ဘာ ၂၄ ရက်နေ့ညနေ ၆ နာရီအထိ ပွင့်ဖြူမြို့နယ် တစ်မြို့နယ်လုံးတွင်
ကြေညာကပ်ထားမည်ဖြစ်ကြောင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်စန်းမြင့်နှင့်
အဖွဲ့ဝင်များက တာဝန်များခွဲဝေချထားပေးသည့်အတိုင်း (၁၄)ရက်တာ ကာလအတွင်း လိုက်လံစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရှိရသည်။
သန်းနေိုင်ဦး(ငဖဲ)
0 comments:
Post a Comment