Wednesday, September 9, 2015

တရားမ၀င်သစ်ခွဲသားများ သယ်ဆောင်လာသူများကို အရေးယူ




မင်းဘူး     စက်တင်ဘာ    
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၈ ရက်နေ့ ည (၈) နာရီခွဲအချိန်တွင် မင်းဘူးမြို့နယ် သစ်တောဦးစီးဌာနမှူးနှင့် သစ်တောဝန်ထမ်းများ၊ သတင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မင်းဘူး-မကွေး ကားလမ်း၊ ရွှေတပင် ကျေးရွာအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် အောင်လံမြို့နယ်၊ သရက်တော ကျေးရွာနေသူ ယာဉ်မောင်း အောင်စိုးသန်း (၂၄) နှစ် မောင်းနှင်ပြီး ကံမမြို့နယ်၊ သာစည်ကျေး ရွာနေသူ ယာဉ်နောက်လိုက် နိုင်ဝင်း (၃၅) နှစ်နှင့် မကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက်နေသူ ကျော်စွာ (၄၀)နှစ်တို့ လိုက်ပါ လာသော ယာဉ်အမှတ် 9L/---- ကင်တာအဖြူရောင် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမ၀င် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ(၉)ချောင်း (၀.၆၂၄၄) တန်ခန့် (တန်ဘိုး ၁၅၆၀၀၀ိ/-)၊ ပျဉ်းကတိုး သစ်ခွဲသားဆိုဒ်စုံ ၂၉ ချောင်း (၃.၃၁၂) တန်ခန့် (တန်ဘိုး ၄၉၅၃၀၀ိ/-)၊ စုစုပေါင်း ၆၅၁၄၀၀ိ/- ခန့်အား တွေ့ရှိသိမ်းဆည်း ရမိသဖြင့် တရားမ၀င် သစ်ခွဲသားများ သယ်ဆောင်သူ အောင်စိုးသန်း ပါ(၃)ဦး အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၀၉/၂၀၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment