ပေါက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ်သည် ပခုက္ကူမှချင်းပြည်နယ်သို့
သွားသည့် အဓိကလမ်းမကြီးတွင်တည်ရှိပြီး ယခင်ကလမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး
ဖွံ့ဖြိုးမှု နောက်ကျခဲ့သည်။ယခုအခါ နိုင်ငံတော်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကျေးလက်ဒေသများကို
အထူးအလေးထား ဆောင်ရွက်ပေးလျှက်ရှိသည်။ မြို့ရွာများအမြန်ခေတ်မှီဖွံ့ဖြိုး
တိုးတက်စေ ရမည်ဟူသောဆောင်ပုဒ်နှင့်အညီ မြို့ပြနှင့်ကျေးလက် စည်ပင်သာယာရေး လုပ်ငန်းများကို
အချိုးညီတိုးတက်စေရန် အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျှက်ရှိသည်။
ပေါက်တစ်မြို့နယ်လုံးတွင်
၉၆၀ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့အကျယ်မှာ(၃၅၉.၆၈) စတုရန်းမိုင် ကျယ်ဝန်းသည်။၂၀၁၅-၂၀၁၆ခု
ဘဏ္ဍာရေးနှစ်တွင် ပေါက်မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှပြည်သူအကျိုးပြုလုပ်ငန်းတစ်ရပ်အနေဖြင့်
လမ်း၊တံတား၊ရေပေးရေးလုပ်ငန်းများနှင့်အခြား သာယာလှပရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ
မြို့ပေါ်လမ်း/တံတား(၉)ခုအတွက် ငွေကျပ်(၄၄.၀၀)သန်း၊ရေပေးရေးလုပ်ငန်း(၂)ခုအတွက်ငွေကျပ်(၃.၁၀)သန်းနှင့်အခြားသာယာလှပရေးလုပ်ငန်း(၁၃)ခုအတွက်
ငွေကျပ်(၂၂.၄၀)သန်းတို့ဖြင့် စုစုပေါင်းငွေကျပ်(၆၉.၅၀)သန်း လျာထားပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး
ကော်မတီ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများမှအနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment