Wednesday, September 23, 2015

ကြံတစ်ဆစ်ခြင်းပျိုးထောင်စိုက်နည်းစနစ်ကွင်းသရုပ်ြ ပဆွေးနွေး


  တောင်တွင်းကြီး         စက်တင်ဘာ             ၂၄
  မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနက
  ကြံတစ်ဧကတန် ၈၀ အထက်ထွက်ရှိမည့်ကြံတစ်ဆစ်ခြင်းပျိုးထောင်စိုက်
  နည်းစနစ်ကွင်းသရုပ်ပြဆွေးနွေးပွဲကိုစက်တင်ဘာ ၂၃ ရက်နံနက် ၉ နာရီခွဲက
  ကသာကျေးရွာကွင်းအမှတ်(၂၆၀၃)တောင်သူဦးဖိုးထောင်၏နဝဒေး(၄)မျိုး
  သုံးဧကစိုက်ခင်း၌ကျင်းပသည်။
             သရုပ်ပြပွဲတွင်မြို့နယ်အုပ်ချူ ပ်ရေးမှူးဦးသိန်းဇော်lစက်မှုသီးနှံဖွံ့ဖြိုးရေး
  ဦးစီးဌာနဒုတိယတိုင်းဦးစီးမှူးဦးမြင့်လွင်တိုကအမှာစကားပြေားကြား၍ကံလှ
  သကြားစက်ရုံမှူးဦးကျော်အောင်ကကြံဝယ်ယူရေးသယ်ယူရေးကိစ္စရပ်များ
  တောင်သူများအဆင်ပြေချောမွေစေရေးဆောင်ရွက်ထားရှိမှုအခြေအနေများ  ကိုလည်းကောင်းlမြို့နယ်ဦးစီးမှူးဦးမြင်အောင်ကသိပံ္ပနည်းကျကြံတစ်ဆစ်ခြင်း
  ပျိုးထောင်စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးများနှင့်စိုက်နည်းစနစ်များကိုရှင်းလင်း
  ဆွေးနွေးရာကြံစိုက်တောင်သူများ၏သိလိုသည့်မေးမြန်းချက်များကိုပြန်လည်ရှင်းူလင်းဖြေကြားခဲ့ပြီးတက်ရောက်လာသူများမှကြံစိုက်ခင်းအားစိတ်ဝင်တစားလေ့လာကြည့်ရှုကြကြောင်းသိရသည်။
                      နိုင်ဝင်း

0 comments:

Post a Comment