Monday, September 28, 2015

“’ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပြည်ခိုင်ဖြိုးကအဆင့်သုံးဆင့်ဖြင့်ဆောင်ရွက်ခဲ့ဟု ဦးတင်နိုင်သိန်းဆို”

7Day News Journal added 4 new photos. မှ ကူးယူဖော်ပြသည်။
3 hrs · Edited ·
“’ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုပြည်ခိုင်ဖြိုးကအဆင့်သုံးဆင့်ဖြင့်ဆောင်ရွက်ခဲ့ဟု ဦးတင်နိုင်သိန်းဆို”
ပြည်ခိုင်ဖြိုးပါတီအနေနှင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အဆင့်သုံး ဆင့်ဖြင့်ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ယနေ့နံနက်မဲဆွယ် ဟောပြောမှုတွင် ပြောကြားခဲ့သည်။
ယနေ့(စက်တင်ဘာ၂၈) ရက် နံနက်က နေပြည်တော်၊ ဇေယျသီရိမြို့နယ် ပြည့်စံအောင်ရပ်ကွက်တွင် ပြုလုပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်စားလှယ်လောင်းမိတ်ဆက်ပွဲနှင့် မဲဆွယ်စည်းရုံးဟောပြောပွဲတွင်
ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုးအနေနှင့် ဒီမိုကရေဒီအသွင်ကူးပြောင်းရေးကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့ကာအဆင့်နှစ်ဆင့်ဆောင်ရွက်ပြီးဖြစ်ပြီး နောက်ထပ်ကျန်ရှိသည့် တစ်ဆင့်အတွက်ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ဦးတင်နိုင်သိန်းကကတိပြုခဲ့သည်။
ဓာတ်ပုံ - နန်းအောင်

0 comments:

Post a Comment