Saturday, September 12, 2015

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စားသုံးသူရေးရာ သိကောင်းစရာများ ဟောပြော

  ဆိပ်ဖြူ    စက်တင်ဘာ   ၈
  မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ် ဂွေးပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ (၈-၉-၂၀၁၅)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် အသိပညာပေးဟောပြောပွဲပြု လုပ်သည်။

      ဟောပြောပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းညွန့်က အမှာစကားပြောကြားခြင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးမျိုးမြင့်အောင်က သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သဘာဝဘေးအန္တရာယ်အ ကြောင်းသိကောင်းစရာများဟောပြောကြားခြင်း ပခုက္ကူ ခရိုင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းမြင့်ထွန်းနှင့် ဦးဇော်နေလင်းတို့က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာများ နှင့်စားသုံးရန် မသင့်သည့်အစားအစာများအကြောင်းပြောကြားခြင်း
မြို့နယ်သစ်တောဦးစီးဌာနမှတောခေါင်း ဦးသိန်းဝင်းက တရားမဝင်
သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ အသီးသီးဟောပြော ကြ ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်း များက နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း နံရံကပ်/ဓါတ်ပုံများ ခင်းကျင်းပြသကြောင်းသိရှိရသည်။
ပေးပို့သူ - ကိုမျိုး (ယောဧရာ)

0 comments:

Post a Comment