မင်းဘူး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့ပေါ်ရပ်ကွက်များနှင့်
ဧရာဝတီမြစ်ကမ်းအနီးရှိကျေးရွာများသို့မြစ်ရေ ကြီးမှုကြောင့် နေအိမ်နှင့် စိုက်ခင်းများအတွင်း
မြစ်ရေများဝင်ရောက်ခဲ့သဖြင့် ရေဘေးကင်းလွတ်ရာ ဒေသများသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရာ
စက်တင်ဘာလ(၂၀)ရက်နေ့မှစ၍ မြစ်ရေများ စိုးရိမ်ရေအမှတ်အောက် ကျဆင်းခဲ့သဖြင့် ယခုအခါ ရေဘေးသင့်ပြည်သူများ
နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။
မင်းဘူးမြို့နယ်တွင်
ဧရာဝတီမြစ်ရေကြီးမှု (၂)ကြိမ် ဆက်တိုက်ကြုံခဲ့ရသဖြင့် လူနှင့်တရိစ္ဆာန်းများ ပြောင်းရွှေ့နေထိုင်ရခြင်းအခက်အခဲများရှိခဲ့ပြီး၊သီးနှံစိုက်ခင်းများမှအပ
အခြားပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများထံမှ
သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment