ငဖဲ စက်တင်ဘာ ၁၄
ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၁)အုပ်စုနှင့် ရပ်ကွက်(၂)ရပ်ကွက်တို့တွင်
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး၌
မဲဆန္ဒရှင်နှင့် ပြည်သူများ အလွယ်တကူ မဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် မဲစာရင်း ကြေညာခြင်းကို ယနေ့နံနက်
၆ နာရီမှညနေ ၆ နာရီအထိ နေ့စဉ်ကြေညာပေးသွားမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာ မဲစာရင်းကြေညာရာနေရာများတွင် ရပ်ကျေးကော်မရှင်
အဖွဲ့ဝင်များက မဲစာရင်းမပါသောသူများအား ပုံစံ- ၃ များဖြင့်ထုတ်ပေးခြင်း ကန့်ကွက်လိုလျင်
ပုံစံ-၄ ထုတ်ပေးခြင်းနှင့်ပြင်ဆင်ရန် ပုံစံ ၄-ဂ တို့အားဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်
ပေးလျက် ရှိရာ စက်တင်ဘာ ၂၄ ရက်နေ့ညနေ ၆ နာရီအထိ ငဖဲမြို့နယ် တစ်မြို့နယ်လုံးတွင် ကြေညာကပ်ထားမည်ဖြစ်ကြောင်းနှင့်
မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသန်းတင့်နှင့် အဖွဲ့ဝင် များကတာဝန်များခွဲဝေချထားပေးသည့်အတိုင်း
(၁၄)ရက်တာကာလအတွင်း လိုက်လံစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment