ပွင့်ဖြူ စက်တင်ဘာ ၁၁
ဧရာဝတီမြစ်ရေကြီးမှုများကြောင့်
ပွင့်ဖြူမြို့နယ် မြစ်ကမ်းအနီး တည်ရှိသည့် ကျေးရွာများတွင် ဧရာဝတီ မြစ်ရေ၀င်ရောက်၍ ရေဘေးကင်းလွှတ်ရာ ကုန်းမြင့်ပိုင်းကျေးရွာဝန်းကျင်များသို့
ယာယီပြောင်းရွှေ့ နေထိုင် လျက်ရှိသည်။
ပွင့်ဖြူမြို့နယ်
နန်းတော်ကျွန်းကျေးရွာတွင် အိမ်ထောင်စု(၁၅၈)စု၊လူဦးရေ(၆၇၂)ဦးမှီတင်းနေထိုင်လျက် ရှိရာ
ဧရာဝတီမြစ်ရေ ၀င်ရောက်မှုများကြောင့် ကုန်းဇောင်းကျေးရွာ မြောက်မုန်းမြောင်းမကြီး ဘေးဝဲ/ယာတို့တွင်
ယာယီ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြသည်။ရေးဘေးပြေးရှောင်းလာသူ နန်းတော်ကျွန်းကျေးရွာ
တောင်သူ ဦးမြင့်စိုးမှ သြဂုတ်လထဲက မုန်းချောင်းရေကြီးလို့ တစ်ခါပြောင်းရတယ်၊အခု
ဧရာဝတီမြစ်ရေကြီးလို့ ပြောင်းရွှေ့ ရပြန်တယ်၊လူလည်းပင်ပန်း၊တိရိစ္ဆာတွေလည်း ပြောင်းရွှေ့ရလို့
ပင်ပန်းနေပြီး၊ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း ပျက်စီးနေပါပြီ၊ ဟုပြောပြ၍ သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment