မင်းဘူး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်
မင်းဘူး-အမ်းလမ်း တွင် လမ်းအကွေ့ အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော
ဆိုင်ကယ်ဖြင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ(၁၃)ရက်နေ့
နံနက်(၉)နာရီအချိန်ခန့်က မင်းဘူး-အမ်းလမ်း မိုင်တိုင်အမှတ် ၁၇/၆ အနီးတွင် မင်းဘူးမှ
ပဒါန်းဘက်သို့ ယာဉ်မောင်း ဟိန်းမင်းလတ်(၂၇-နှစ်)(ဘ)ဦးစန်းမြင့်သန်း၊ယာဉ်မောင်း အမှတ်(၁၄)၊ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊နေပြည်တော်၊
ဇဗ္ဗူသီရီမြိုနယ်နေသူ မောင်းနှင်လာသော 6F-6889 ပက်ထရို၊နီဆန်းအဖြူရောင်ကားမှာ လမ်းအကွေ့
အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောမှ မျက်နှာချင်းဆိုင် လာသော မဇင်မာလွင်(၂၃-နှစ်)(ဘ) ဦးစန်းလွင်၊တတိယနှစ်(ပထ၀ီဝင်)အဝေးသင်၊စမ်းကြီးကျေးရွာ၊မင်းတုန်း
မြို့နယ်နေသူ စီးနင်းလာသည့် နံပါတ်မပါ Nulalg-125 အနက်ရောင်ဆိုင်ကယ်အား ၀င်ရောက်တိုက်မိကာ
သေဆုံးခဲ့ပြီး နောက်မှ ကပ်ပါလာသော မသူဇာလွင်၊၂၃-နှစ်(ဘ)ဦးစိုးဝင်း၊တုတ်လယ်ကျေးရွာ၊မင်းတုန်းမြို့နယ်
နေသူ စီးနင်းလာသည့် ဇင်းနစ်-၁၁၀ အဖြူရောင် ဆိုင်ကယ်အား ထပ်မံချိတ်မိခဲ့သဖြင့် မသူဇာလွင်မှာ
သာမာန် ဒဏ်ရာ များရရှိခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍
တရားလို ရဲအုပ် ကျော်ကျော်ဦးမှ စကုနယ်မြေရဲစခန်း ယာဉ်(ပ)၂၁/၂၀၁၅ ပြစ်မှုပုဒ်မ-၃၀၄-က/၃၃၇/၃၃၈
ဖြင့် တိုင်တန်းခဲ့ပြီး အမှုအား လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment