Wednesday, September 23, 2015

ရွှေထည်အတုများဖြင့် လိမ်လည်သူများအား ပစ္စည်းများနှင့်အတူ တွေ့ရှိ၍ အရေးယူ




မကွေး     စက်တင်ဘာ     ၂၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ မကွေးမြို့၊ မြသလွန်ဘုရားရင်ပြင် ဧည့်သည် တည်းခိုခန်း တွင် စက်တင်ဘာ ၁၉ ရက်နေ့ ည (၁၂) နာရီခွဲအချိန်ခန့်တွင် ရွှေထည်အတုများဖြင့် လိမ်လည်သူများ အဖွဲ့လိုက်ရောက်ရှိနေကြောင်း သတင်းအရ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် များသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးရာ မြသလွန်ဘုရားရင်ပြင် ''မြမဉ္ဇူ'' အခကြေးငွေ တည်းခိုဆောင်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၅၁)ရပ်ကွက်နေ ဒေါ်အေးချမ်း(၅၁)နှစ်ပါ ကျား၂ ဦး၊ မ (၂) ဦး ၊ ပေါင်း ၅ ဦးတို့အား ရွှေရည်စိမ်ပစ္စည်းမျိုးစုံ(၁၃)မျိုး၊ ရွှေဝယ်/ရွှေပေါင် ဘောက်ချာ စာရွက်စာတမ်းများ၊ ဟန်းဆက်မျိုးစုံ(၇)လုံး၊ ငွေစက္ကူရောရာ ၁,၈၆၃,၄ဝဝိ/-တို့နှင့်အတူ တွေ့ရှိရကြောင်း သိရသည်။ 

အဆိုပါပစ္စည်းများအား ၎င်းတို့(၅)ဦးမှ ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြောဆိုပြသ ၊ နိုင်ခြင်း မရှိသဖြင့် နေအိမ်အဆောက်အဦတစ်ခုခုအတွင်းမှ ခိုးယူလာ သည်ဟု မသင်္ကာ၍ ဒေါ်အေးချမ်း ပါ (၅)ဦးအား မကွေးမြို့နယ်၊ မြို့မရဲစခန်း(ပ)၃၆၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/ကျင့် ၅၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment