Monday, September 28, 2015

(၅၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအား စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်း



မကွေး  စက်တင်ဘာ   ၂၇
          ၂၀၁၅ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းအကူရဲတပ်ဖွဲ့ဝင်များ၊ များအင်အား (၂၀၀)ကျော်ခန့် သည် ယနေ့နံနက်(၈)နာရီက မကွေးမြို့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး ၀င်းအတွင်း ခြုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်မှုခင်းရဲတပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝငးခြင်း၊ အမှိုက်များအားရှင်းလင်း ခြင်းများကို စုပေါင်းဆောင်ရွက်ကြပါသည်။
          ယင်းနောက် မကွေးတိုင်း/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်စုစုပေါင်း(၁၀၀)ဦးက မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းကြသည်။  အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုများနှင့် သွေးလှူဒါန်းလျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းက လာရောက်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းပြီး သည့် တပ်ဖွဲ့ဝင်များအား အာဟာရ ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ကြက်ဥ၊ အားဆေးနှင့် ဓါတ်ဆားထုတ်များ ပေးအပ်ပါသည်။
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသည် တိုင်းဆေးရုံကြီးဖြစ်သည့်အတွက် လူနာများ များပြားစွာ လာရောက်ကုသ နေသောကြောင့် ဆေးရုံကြီးအနေဖြင့် သွေးလှူဘဏ်တွင် အမြဲသွေးလိုအပ်လျက်ရှိရာ ယခုလို အသင်းအဖွဲ့များ ကစုပေါင်းပြီး လာရောက်သွေးလှူဒါန်းမှုများလိုအပ်လျက်ရှိကြောင်း၊ ယခုလိုအသင်းအဖွဲ့များနှင့် အခြားသွေး အလှူရှင်များက သွေးများလာရောက်လှူဒါန်းလျက်ရှိ ပြည်သူများ၏ အသက်အန္တရာယ်ကို အချိန်မီ ကယ်တင်နိုင်သည့်အတွက် မကွေးတိုင်းဆေးရုံကြီးကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း မကွေးတိုင်းဆေးရုံကြီး ရောဂါဗေဒနှင့် သွေးလှူဘဏ်ခွဲမှ တာဝန်ခံဆရာဝန် ကြီး ဒေါက်တာ ကျော်စိုးထွန်းက ပြောကြားခဲ့ပါသည်။
ညီညီမောင်(မကွေး)

0 comments:

Post a Comment