ပခုက္ကူ စက်တင်ဘာ
၁၃
လူကုန်ကူးခံရခြင်းမှ ကာကွယ်ရန်နှင့် လူကုန်ကူးကာကွယ်ရေးလုပ်ငန်းစဉ်များ
ပူးပေါင်းဆောင်ရွက် နိုင်ရန် ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုအကြောင်းသိကောင်းစရာများ
ဟောပြောပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ပခုက္ကူမြို့ ပြည်သာယာခန်းမ၌ စက်တင်ဘာ ၁၃ ရက်
နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့
ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် မှအဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ်သင်းသင်းဦးမှ မြန်မာနိုင်ငံ သည် လူကုန်ကူးခံရမှု အများဆုံး ဖြစ်ပွားသည့် နိုင်ငံများတွင်
တတိယနေရာ၌ရှိနေသဖြင့် ပြည်သူများနှင့်အတူ လူကုန်ကူးမှုအန္တရာယ်ကို ပူးပေါင်းကာကွယ်တိုက်ဖျက်၍
ဖိတ်ခေါ်ပါကြောင်း၊ လူကုန်ကူးမှုများကြုံတွေ့ပါက အထောက်အကူပြုနိုင်သောအဖွဲ့များဖြစ်သည့်
အနီးစပ်ဆုံး ရဲကင်းရဲစခန်းများ၊ ဒေသအတွင်းရှိအမျိုးသမီးရေးရာ အဖွဲ့များ၊ လူမှုရေးအဖွဲ့များ၊
INGO အဖွဲ့များ၊ လူကုန်ကူးမှုတားဆီးနှိမ့်နင်းမှုရုံးများမှ အကူအညီရယူနိုင်ကြောင်း ဟော
ပြောခဲ့သည်။
ဆက်လက်၍ စက်တင်ဘာ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့သော
“ လူကုန်ကူးမှုတိုက်ဖျက်ဖို့၊ တာဝန်ကိုယ် စီယူကြစို့ ” ခေါင်းစဉ်ဖြင့် စာစီစာကုံး၊
ပန်းချီ၊ ကဗျာရွတ် ဆိုပွဲတွင် ထက်၊ လယ်၊ မူ အဆင့် ပ၊ ဒု၊ တ ရရှိသော ဆုရ ကျောင်းသား/သူများအား
ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ထွေး၊ မြို့နယ်ပညာရေးမှူး ဦးစိန်မောင်ညွှန့်၊ ခရိုင်အမျိုးသမီး
ရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ခင်ဆွေဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နီလာစိုး တို့က
ဆုများအသီးသီး ချီးမြှင့်ရာ ဆုရ ကျောင်းသား/သူများက ဆုများကို လက်ခံရယူခဲ့ကြောင်း သိရသည်။
ကလောင်အမည်
- ဥာဏ်တိုး(ပေါက်)
0 comments:
Post a Comment