Sunday, September 13, 2015

ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် တစ်ပြိုင်ထဲ ယာဉ်တိုက်မှု(၆)ခု ကျူးလွန်သူအားဖမ်းဆီးရရှိ




မကွေး   စက်တင်ဘာ  ၁၃
          မကွေးမြို့ အောင်မေတ္တာရပ် အောင်မေတ္တာအ၀ိုင်းလမ်းမှကြီးမှ မောင်းနှင်လာသော ယာဉ်မောင်း ၀င်းတင်(ယာဉ်မောင်းလိုင်စင်မရှိသူ) (ဘ) ဦးစံမောင်သည် Toyata landcruisern KZI  အမျိုးအစားယာဉ် သည် အောင်မေတ္တာ(၇)လမ်းထိပ် အရောက်တွင်မျက်နှာချင်းဆိုင်မှ သိန်းလွင်နှင့် မယဉ်မြတ်မွန် တို့မောင်းနှင်လာသည့် ဆိုင်ကယ်အား ၀င်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးရာ ကိုက်(၁၀၀)ခန့်အကတွင် ကျော်မင်း မောင်းနှင်လာသည့် ဆိုင်ကယ်အားထပ်မံတိုက်မိပြီး ကိုက်(၅၀)ခန့်အကွာတွင် ငြိမ်းဇော်သူနှင့် မခိုင်သူဇာတို့ စီးနင်းလာသည့် ဆိုင်ကယ်အား ထပ်မံတိုက်မိခဲ့ပါသည်။
          ဆက်လက်ပြီး မောင်းနှင်ထွက်ပြေးရာ ကိုက်(၂၀)အရောက်တွင် ယာဉ်မောင်းမနှင်းနုဝါ မောင်းနှင့်လာ သည့် ဆိုင်ကယ်အား ၀င်ရောက်တိုက်မိပြီး ဆက်လက်မောင်းနှင်ခဲ့ရာ ကင်းဘုန်းကြီးကျောင်းရှေ့အရောက် တွင် ထက်ဆန်းလင်း၊ ကင်းကျောက်ကုန်းရပ်နေသူအား ၀င်ရောက်တိုက်မိခဲ့ပြီး ကင်းဘုရားအုတ်တံတိုင်းအား ၀င်ရောက်တိုက်မိရပ်တန့်သွားခဲ့ပါသည်။
          အဆိုပါယာဉ်တိုက်မှုများတွင် တိုက်မိခဲ့သူများအနက်မှာမနှင်းနုဝါ တွင် နဖူးပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး မကွေးတိုင်းဆေးရုံကြီးတွင်သေဆုံးသွားခဲ့သဖြင့် မဆင်မခြင်မောင်းနှင်သူ ၀င်းတင်အား အရေးယူပေးပါရန် ယာဉ်ထိန်းဒုရဲအုပ် တင်မောင်ကိုမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မကွေးမြို့နယ်ရဲစခန်းမှ ယာဉ်(ပ)၄၄/၂၀၁၅ ပုဒ်မ ၃၀၄-က/၃၃၇ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်းသတင်းရရှိပါသည်။
ညီညီမောင်(မကွေး)

0 comments:

Post a Comment