Monday, September 28, 2015

နတ်​​မောက်​မြို့ဗိုလ်​ချုပ်ေ အာင်​ဆန်းအထိမ်းအမှတ်​အလယ်​တန်း​ကျောင်းသို့သွားဆရာဝန်​ကြီးများအခမဲ့ကုသ


နတ်​​မောက်​           စက်​တင်​ဘာ၂၆

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့သို့ရန်​​ကုန်​မြို့ရှိသီတဂူစက္ခုဒါန​စေတနာရှင်​မျက်​စိနှင့်​သွားဆရာဝန်​ကြီးများမှမျက်​စိအထူးကု​ဒေါက်​တာ​ဒေါ်နီလာသိန်းဦးစီးပြီးနတ်​​မောက်​မြို့​အောင်​ဆန်းရပ်​ကွက်​တွင်​စက်​တင်​ဘာ၂၆ရက်​နံနက်​၁၀နာရီကဗိုလ်​ချုပ်​​အောင်​ဆန်းအထိမ်းအမှတ်​အလယ်​တန်း​ကျောင်းရှိ​ကျောင်းသား​ကျောင်းသူက​လေးငယ်​များကိုသွားနှင့်​ခံတွင်းသန့်​ရှင်း​ရေးပြုစုကုသခဲ့​ကြောင်းသိရသည်​။
ထို့​နောက်​ဗိုလ်​ချုပ်​​အောင်​ဆန်းအထိမ်းအမှတ်​အလယ်​တန်း​ကျောင်းသား​ကျောင်းသူက​လေးငယ်​များကိုသွားဆရာဝန်​ကြီးများနှင့်​ဆရာမများကသွားတိုက်​နည်းနှင့်​အစာစားပြီးတိုင်းသွားများကို​ပြောင်​စင်​​အောင်​တိုက်​ကြရန်​မှာကြားခဲ့ပြီး​ကျောင်းသား​ကျောင်းသူ(၃၈၅)ဦးအားသွားတိုက်​​ဆေးဗူး၊သွားတိုက်​တံနှင့်​မုန့်​များကိုတစ်​ဦးချင်းစီ​ပေးအပ်​ခဲ့ပြီးသွားပိုးစား​ကျောင်းသား​ကျောင်းသူ(၅၀)ဦးခန့်​ကိုအခမဲ့သွားနုတ်​ကုသ​ပေးခဲ့​ကြောင်းသိရသည်​။             လှဝင်း(iprd)

0 comments:

Post a Comment