မြိုင် စက်တင်ဘာ
၂၄
၂၀၁၅-၂၀၁၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး
၊ အစိုးရအဖွဲ့၏ အထူးပြင်ဆင် ထိန်းသိမ်းခြင်းမှ
ပခုက္ကူခရိုင်၊မြိုင်မြို့နယ်အတွင်း
ဆည်မြောင်းဦးစီးဌာနက ဆောင်ရွက်လျှက်ရှိသော ရေပေးဝေရေးနှင့် ကန်ပြုပြင်
ခြင်းလုပ်ငန်းများမှာ
ယနေ့အထိ ဆောင်ရွက်လျှက်ရှိသည်။
အဆိုပါ ဆောင်ရွက်မှုများတွင် မြိုင်မြို့
ရေပေးဝေရေးအတွက် မြိုင်ချောင်း၊ မြောင်းမကြီးတွင် ပေ(၁၀၅၀၀)
အတွင်း တူးမြောင်း
ပြုပြင်ခြင်း၊ ကြက်မောက်တမံ-လယ်တီရေလွှဲဆည် အောက်ပိုင်းရှိ Pitching များ ပြန်လည်
ပြုပြင်ခြင်း၊
ကြက်မောက် ရေပေးမြောင်းမကြီး ပေ(၁၀၂၀၀)တွင် Side Channel Spillway တည်ဆောက်ခြင်း၊
ကြက်မောက်တမံ ရေမြောင်းမကြီး ပေ(၈၀၀၀)နေရာတွင် Side Spill
တည်ဆောက်ခြင်း၊ ကြက်မောက်တမံ
လယ်ကြားမြောင်း
ဖောက်လုပ်ခြင်း၊ ယင်းတိုင်းဆည်ရေသောက်စနစ် ပြုပြင်ခြင်း၊
ငွေလုံးငွေရင်း(တိုင်းဒေသကြီး
အစိုးရအဖွဲ့)မှ
သရက်ကွနှင့် ယမ်းတုံးသောက်ရေကန် ပြုချက်ကန်၊ ဖလန်းနွယ်ကန်၊ ကျောက်ဖူးကန်
နှင့် ကျောက်တံခါးဆည်ပြုပြင်ခြင်း
လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အောင်ကျော်မြင့်
0 comments:
Post a Comment