Saturday, September 12, 2015

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်လှစ်




မင်းဘူး      စက်တင်ဘာ       ၁၀
            ကျေးလက်နေတောင်သူများ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလုပ်ကိုင်ရာ တွင် မိမိကိုင်တွယ်အသုံးပြုလျက်ရှိသော လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုအခြေခံ သင်တန်းကို မင်းဘူးမြို့နယ် အမှတ်(၈) စက်မှုလယ်ယာဦးစီးဌာနတွင် စက်တင်ဘာလ(၇)ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
            အဆိုပါသင်တန်းသို့ မင်းဘူးမြို့နယ် ကျေးရွာ(၁၈)ရွာမှ တောင်သူ(၃၀)ဦးတက်ရောက်သင်ကြားလျက်ရှိ ပြီး သင်တန်းကာလမှ စက်တင်ဘာလ(၇)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၁၂)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။မြို့နယ်စက်မှုလယ်ယာဦးစီးဌာမှူး ဦးမြင့်စိုးမှ စာတွေ့/လက်တွေ့ သင်ကြားပို့ချရာမှာ မြင်ကောင်ရေ(၇၀)ရှိ SONALIKA ထွန်စက်ကြီးများ၊လက်တွန်းထွန်စက်၊ ရိတ်သိမ်းချွေးလှေ့စက်နှင့် ကောက်စိုက်စက်များအား ကျွမ်းကျင်စွာ စနစ် တကျ ကိုင်တွယ် မောင်းနှင် အသုံးပြုထိန်းသိမ်းနိုင်ရန် သင်ကြားပို့ချပေးလျက်ရှိပြီး လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့ ထွန်ယက်အသုံးပြုနိုင်စေရန် ကျောက်တန်းကျေးရွာအနီးရှိ လယ်ယာစိုက်ခင်းများတွင် (၂)ရက်ကြာ သင်ကြား ပို့ချပေးသွားဖို့ စီစဉ်ထားပါတယ် ဟုပြောပြသည်။
            အဆိုပါသင်တန်းသို့ တက်ရောက်လျက်ရှိသည့် ချောင်းဖြူကျေးရွာ တောင်သူ ဦးဇင်ဖြိုးဝေ မှ ကျွန်တော် တို့မှာ ထွန်းစက်ဝယ်ယူအသုံးပြုနေလျက်ရှိပါတယ်၊  ထွန်းစက်မောင်းနှင်တတ်ပေမဲ့ မပြင်တတ်ဘူး၊ အခု သင်တန်းတက်ရောက်သင်ကြားခွင့်ရလို့ ကိုယ်သုံးနေတဲ့ စက်ကိရိယာရဲ့ အခြေခံသဘောတရားများ၊ထိန်း သိမ်းနည်းများနဲ့ လုပ်ငန်းခွင် ပိုမိုတွင်ကျယ်အောင် စက်ကိရိယာများ အသုံးပြုမှု တွေကို တတ်သိနားလည်ရလို့  ကျွန်တော်တို့လို တောင်သူတွေအတွက်  ဒီသင်တန်းမျိုး ဖွင့်လှစ်ပေးတာ အများကြီး အကျိုးကျေးဇူးရှိလှပါတယ် ဟု ၀မ်းသာအားရ ပြောပြခဲ့သည်။
            မင်းဘူးခရိုင် မင်းဘူးမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းအနီးဝန်းကျင်ကျေးရွာများတွင် ရေကြီး၊ရေလျှံမှု များကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီးခဲ့ရပြီး အချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရန် လယ်ယာသုံး ထွန်စက်များကို အသုံးပြုခြင်းဖြင့် ကျေးလက်နေရေဘေးသင့် တောင်သူများ ပြန်လည်ထူထောင်ရေးအတွက် များစွာ အကျိုးပြုလျက်ရှိကြောင်းသိရှိရသည်။(ဓါတ်ပုံ- သူရထွန်း)
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment