Thursday, September 17, 2015

ပွင့်ဖြူတွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပြီးစီး




ပွင့်ဖြူ   စက်တင်ဘာ    ၁၅
          ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ၂၀၁၅ မိုးသီးနှံ စိုက်ပျိုးသောတောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၁၅ခုနှစ်မေလ ၂၇ ရက်နေ့မှစ၍ ကျေးရွာအုပ်စုအလိုက် ထုတ်ချေးပေးခဲ့ရာ ပွင့်ဖြူမြို့နယ်တွင် ရေဘေးသင့် ကြုံတွေ့ခဲ့သဖြင့် သတ်မှတ်ထုတ်ပေးရက်နောက်ကျခဲ့ရပြီး ပွင့်ဖြုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄၉ အုပ်စုအတွက် ချေးငွေကျပ်သိန်းပေါင်း(၄၆၃၄၃.၆၀) ကို တောင်သူဦးရေ (၁၁၀၆၈) ဦးတို့အား စက်တင်ဘာ ၁၁ ရက်နေ့တွင် အပြီးသတ်ထုတ်ချေးပေးနိုင်ခဲ့သည်။
          မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စပါးစိုက်ပျိုးမြေတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်း ဖြင့်(၄၅၉၈၄)ဧကအတွက်(၄၅၉၈၄)သိန်းအားလည်းကောင်း၊ နှမ်းစိုက်ပျိုးမြေတစ်ဧကလျှင် နှစ် သောင်းနှုန်းဖြင့်(၁၇၉၈)ဧကအတွက် ငွေကျပ်(၃၅၉.၆၀)သိန်း၊ စုစုပေါင်း(၄၇၇၈၂)ဧကကို ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment