Saturday, September 12, 2015

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် နိုင်ငံရေးပါတီများတွေ့ဆုံညှိနှိုင်း

ချောက်       စက်တင်ဘာ        ၉       ရက်
       မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့်မြို့နယ်
 

အတွင်းရှိ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်များနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉:၃၀)နာရီ အချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
     တွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၁၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှညွှန်ကြားချက်(၁/၂၀၁၄)နှင့် အညီစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်နှင့် ပတ်သတ်၍တွေ့ဆုံဆွေးနွေးရာ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်ကောင်းများက ပြန်လည်ဆွေးနွေးကြသည်။
      အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများဖြစ်သည့်     တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများတက်ရောက်ခဲ့ကြောင်းသိရသည်။
                                မချို(ချောက်)

 

0 comments:

Post a Comment