Sunday, September 13, 2015

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ




ငဖဲ     စက်တင်ဘာ     ၁၃
          မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲန်းမ၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။
          အခမ်းအနားတွင် ငဖဲမြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ် ရေးမှူးဦးနိုင်ဝင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဒု-ဥက္ကဌ ရဲမှူးဥာဏ်ကီးရှိန်မှလူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိ ပညာပေးဟောပြောကာ မြို့နယ်ဥပဒေအရာရှိ ဦးကျော်မိုးဝင်းမှလူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာဥပဒေများအား ရှင်းလင်းပြောကြားခဲ့သည်။
          ထိုနောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသော ထက်၊လယ်၊မူဆင့် ကျောင်းသား ကျောင်းသူ(၂၇) ဦး အားဆုများချီးမြှင့်ပေးအပ်ပြီး  မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ် အသိပညာပေး ဓာတ်ပုံ၊နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment