Sat, 2015-09-12 06:30
Location
Issue No.အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေ ပြန်လည် မြင့် တက်လာနေ၍ မြို့နယ်ရေဘေးဆိုင်ရာ ကူညီမှုစီမံခန့်ခွဲရေးအဖွဲ့က အသင့်ပြင်ဆင်ပြီး အချိန်ပြည့်စောင့်ကြည့်နေကြောင်း သတင်း ရရှိသည်။
‘‘မြစ်ရေက နောက်သုံးရက် အတွင်း ဆက်တက်လာနိုင်တယ် ပြောတော့ မြို့နယ်အဖွဲ့တွေ ခွဲပြီး နယ်အစုံမှာ သတိပေးတာ၊ စောင့် ကြည့်တာတွေ လုပ်နေပြီ။ သေချာစနစ်ကျတဲ့ ကူညီကယ်ဆယ်ရေး ဖြစ်ဖို့ပါ’’ဟု အဆိုပါအဖွဲ့ဝင် စား သုံးသူရေးရာနှင့် ကုန်သွယ်မှုမြှင့် တင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးမင်းက ပြောကြားသည်။
ဧရာဝတီ မြစ်ကမ်းဘေး ကျေးရွာများနှင့် မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်များသို့ အဖွဲ့ငယ်များ ခွဲ ၍ စေလွှတ်ကာ မြစ်ရေကြီးမှု ကြိုတင်သတိပေးခြင်းနှင့် စောင့် ကြည့်ခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အောင်လံမြို့၏ ဧရာဝတီ မြစ်ရေစိုးရိမ်ရေမှတ်မှာ ၂၅၅၀ စင်တီမီတာဖြစ်ပြီး စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီခွဲအချိန် တိုင်းတာချက်အရ ၂၄၈၆ စင်တီ မီတာသို့ ရောက်ရှိလာနေပြီဖြစ် သည်။
ရေကြီးစဉ်ကာလက ရေနစ် မြုပ်နေရာများသို့ ကူညီကယ် ဆယ်ရေးလုပ်ငန်းများ လာရောက်ကူညီပေးခဲ့သော်လည်း စနစ်မကျ သော ပြောင်းရွှေ့မှုများကြောင့် နေအိမ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ ပြီး ပြန်လည်မတည်ဆောက်နိုင်သေးသော နေအိမ်များလည်း ရှိနေ ကြောင်း အောင်လံဗိုလ်ကုန်းရပ်မှ ရေဘေးသင့်သူများက ပြော ကြားသည်။
http://www.7daydaily.com/story/46202 မှ ကူးယူဖော်ပြသည်.
0 comments:
Post a Comment