Wednesday, September 9, 2015

အရက်သောက်စားပြီး နေအိမ်မီးရှို့သဖြင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး




စလင်း     စက်တင်ဘာ     
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ်၊ နတ်တပ်ကျေးရွာနေ ဇော်မျိုးထွန်း (၃၈)နှစ်သည် စက်တင်ဘာ ၇ ရက် ညနေ (၅း၂၅) နာရီအချိန်ခန့်တွင် အရက်သေစာ သောက်စားမူးယစ်ပြီး ၄င်းပိုင် (၄)ပင် (၃)ပင် ဝါးကပ်၊ သက္ကယ်မိုး၊ ဝါးကြမ်းခင်း၊ ထရံကာနေအိမ်အား မီးရှို့ခဲ့ရာ ကျေးရွာသူ/ သားများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့၍ ညနေ (၅း၃၅) အချိန်မီးငြိမ်းသွားပြီး လူနေ အိမ်တစ်လုံး မီးလောင် ဆုံးရှုံး သွားခဲ့ကာ တန်ဘိုး ၃ဝ,ဝဝဝိ/-ခန့် ဆုံးရှုံးခဲ့သဖြင့် ဇော်မျိုးထွန်းအား စလင်းမြို့နယ်၊ တညောင်နယ်မြေ ရဲစခန်း (ပ)၂၆/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment