Saturday, September 12, 2015

ကြယ်ပဲစမ်းသပ်စိုက်ပျိုးဖြစ်ထွန်းမှုသရုပ်ပြ


  တောင်တွင်းကြီး      စက်တင်ဘာ   ၁၀
  မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ဦးဆောင်မှု ဖြင့်တောင်တွင်း
  ကြီးမြို့နယ်၌ကြယ်ပဲ(၁၀)ဧကစမ်း
သပ်စိုက်ပျိုးဖြစ်ထွန်းမှု ကွင်းသရုပ်ပြပွဲကို
  ညောင်ပင်သာကျေးရွာတောင်သူဦးခင်မောင်ဆွေ၏ယာမြေ(၁၀)ဧကကွတ်၌
စက်တင်ဘာ ၁၀ရက်နံနက်ပိုင်းကကျင်းပသည်။
             အဆိုပါပြပွဲသို့ခရိုင်ဦးစီးမှူးဦးသိန်းလွင်lတိုင်းစမ်းသပ်ကွက်တာဝန်ခံ
ဒေါ်ခင်သန့်ထိုက်l်မြို့နယ်ဦးစီးမှူးဦးထွန်းမြင့်နှင့်စိုက်ပျိုးရေးဝန်ထမ်းများဒေသ
ခံတောင်သူများတက်ရောက်ကြသည်။
                   ကြယ်ပဲတစ်ဧကစိုက်လျှင်တစ်ကီလိုဂရမ်ကုန်ကျ၍အပင်ပေါင်း
၅၃၈ ပင်စိုက်ပျိုးနိုင်ကာတစ်ပင်(၃)ကီလိုထွက်ရှိ၍ ၁၅၀၀ကျပ်နုန်းရောင်းချရ
ကြောင်းတစ်နှစ်လျှင်ငွေကျပ် ၇၂ သိန်းကျော်ဝင်ငွေရရှိပြီးကုန်ကျစရိတ်သိန်း
၂၀ ဖြစ်သဖြင့်ငွေကျပ် ၅၂ သိန်းကျော်အမြတ်အစွန်းရှရှိနိုင်ကြောင်းကြယ်ပဲ
တစ်ကြိမ်စိုက်လျှင် နှစ် ၅၀ခန့်ဆွတ်ခူးရောင်းချရမည်ဖြစ်ပြီးကြယ်ပဲများကို
ဆေဝါးများနှင့်အလှကုန်ပစ္စည်းများထုတ်လုပ်ရာတွင်အသုံးပြုရကြောင်
တောင်သူဦးခင်မောင်ဆွေကပြေားကြားသည်။
                                  နိုင်ဝင်း

0 comments:

Post a Comment