ပေါက် စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊
ပခုက္ကူ ခရိုင် ၊ ပေါက်မြို့နယ်၊ ရေဖြူကျေးရွာအနီးတွင် စက်တင်ဘာ ၇ ရက်နေ့ ညနေ (၄)
နာရီခွဲအချိန်တွင် ကားတစ်စီးတိမ်းမှောက်ကြောင်းသတင်းအရ မြို့မရဲစခန်း တပ်ဖွဲ့ဝင်
များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမှ
ပေါက်မြို့၊ ကျောသာရွာသို့ ပခုက္ကူမြို့၊ အမှတ်(၃)ရပ်နေ
မောင်ချမ်း(၃ဝ)နှစ်မောင်းနှင်ပြီး နောက်တွင် ပခုက္ကူမြို့၊ အမှတ်(၂)ရပ်နေ
ကိုထိန်မင်း(၃၆)နှစ်နှင့် ပေါက်မြို့နယ်၊ ကျောသာ ကျေးရွာနေ ကိုဝင်းဦး
(၅ဝ)နှစ်တို့ လိုက်ပါလာသည့် ၁ဂ/xxxx ၊ပါကျဲရိုးခဲရောင်ယာဉ်အား ကျောသာ-ရေဖြူသွားတော
လမ်း အတိုင်း မောင်းနှင်လာစဉ် ရေဖြူရွာနှင့် (၂)ဖာလုံခန့်အကွာတွင် ကား၏
ယာဘက်နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက် ရေမြောင်းအတွင်း ထိုးကျ
တိမ်းမှောက်ခဲ့သဖြင့် ကိုထိန်မင်းနှင့် ကိုဝင်းဦးတို့တွင် ဒဏ်ရာများ
အသီးသီးရရှိခဲ့ပြီး မောင်ချမ်းတွင် နား/နှာခေါင်း/ပါးစပ် တို့မှ သွေးထွက် ဒဏ် ရာ
များ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment