Wednesday, September 23, 2015

(၅၁)နှစ်မြောက်ရဲတပ်ဖွဲ့နေ့အကြိုလှုပ်ရှားမှုအဖြစ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ (၅၁)နှစ်မြောက်ရဲတပ်ဖွဲ့နေ့အကြိုလှုပ်ရှားမှုအဖြစ် မကွေးခရိုင်၊ မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် (၁၉.၉.၁၅)ရက်နေ့ ၀၇၃၀ အချိန်မှ စတင်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၊ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်စိုးဝင်း၊ ဦးစီး(ပ)(ဦး/ရေး/ထောက်)တို့ ဦးဆောင်၍ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်(၆၀)ဦး၊ ရဲအကူ တပ်ဖွဲ့ခွဲမှူးရုံးမှ တပ်ဖွဲ့ဝင်(၅၀)ဦး၊ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် (၆၅)ဦး၊ မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတပ်ဖွဲ့ဝင်(၅)ဦး၊ မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်(၂၃)ဦး၊ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်(၁၂)ဦး၊ အမှတ်(၄)ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်(၁၀)ဦး၊ သတင်းဒုတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်(၅)ဦး၊ အမှတ်(၄)မှုခင်း တပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်(၃)ဦး၊ မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်(၂)ဦး၊ အမှတ်(၂)လူကုန်တား တပ်ဖွဲ့စုမှတပ်ဖွဲ့ဝင် (၃)ဦး စုစုပေါင်း အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင် (၂၃၈)ဦးတို့မှ ပေါင်းမြက်များ၊ ချုံနွယ်များ၊ အမှိုက်သရိုက်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ရာ ၁၀၀၀ အချိန် ပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။ မကွေးသတင်းစုံ



0 comments:

Post a Comment