ပခုက္ကူ စက်တင်ဘာ
၁၁
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲ
ကြီးအောင်မြင်စွာကျင်းပနိုင်ရန်အတွက်
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့်ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိ
နိုင်းစည်းဝေးကို စက်တင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အစည်းဝေး
ခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲဥက္ကဌ ဦးလှရွှေက ပြည်ထောင် စုရွေး ကောက်ပွဲကောက်ပွဲကော်မရှင်၏အစီမံဖြင့်ရပ်ကျေးမဲစာရင်းများကြေငြာတော့မည်ဖြစ်သည့်အတွက်
လိုအပ် သည်များကို စနစ်တကျစီစဉ်ဆောင်ရွက်ထားရန်၊မဲစာရင်းကြေငြာရန်အတွက် အထပ်သားပြားများကို
ကျေးရွာ
တစ်အုပ်စုလျှင်(၃)ပြားနှုန်းထုပ်ပေးသွားမည်ဖြစ်ကြောင်း၊မဲစာရင်းကြေငြာတဲ့နေ့တွင်ပြည်သူများသိရှိုလိုသည်
များကိုမေးမြန်းလာပါကဥပဒေနည်းဥပဒေနှင့်အညီပြန်လည်ဖြေကြားပေးရန်အတွက်ရပ်ကျေးကော်မရှင်(၃)ဦး
အားတာဝန်ချထားပေးမည်ဖြစ်ကြောင်း နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကလည်းလိုက်လံကြီး
ကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားပြီး၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး
ဦး
ကျော်စိုးထင်၊မြို့နယ်ကော်မရှင်အဖွဲ့ဝင်
ဦးသိန်းအောင် နှင့်ဦးအောင်မင်းကြိုင်တို့က မဲစာရင်းကာလုပ်ငန်းစဉ်
များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး
တက်ရောက်လာကြသည့်ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့
ခွဲများမှက
သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ကလောင်အမည် - ဥာဏ်တိုး(ပေါက်)
0 comments:
Post a Comment