Monday, September 28, 2015

ဘ၀နတ်ထံ ပျံလွန်တော်မူသော နိုင်ငံတော်သြ၀ါဒစရိယ (မဟာသဒ္ဓမ္မဇောတိကဓဇ)သက်တော်ရှည် ကြွယ်ပုံ ဆရာတော်ကြီးအား ရည်မှန်း၍ အလှူဒါနပြု




မကွေး   စက်တင်ဘာ    ၂၄
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ ဇနီးဒေါ်စမ်းစမ်းမြင့် သမီး မစုနှင်းရွှေ မိသားစု တို့မှ ရေနံချောင်းမြို့နယ် ကုက္ကိုကွကျေးရွာအုပ်စု၊ကြွယ်ပုံကျေးရွာ နိုင်ငံတော် သြ၀ါဒစရိယ (မဟာသဒ္ဓမ္မဇောတိ ကဓဇ)သက်တော်(၉၄)နှစ်၊သိက္ခာတော်(၇၄)၀ါရ  ကြွယ်ပုံကျောင်း သက်တော်ရှည်ဆရာတော်ကြီး ၁၃၇၇-ခုနှစ်၊၀ါခေါင်လဆုတ်(၁၁)ရက်(၁၀-၉-၂၀၁၅) ကြာသပတေးနေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့သည့် ကြွယ်ပုံကျောင်းတော်သို့ စက်တင်ဘာ ၂၃ ရက်နေ့ကသွားရောက်၍ အန္တိမဈာပန ပူဇာသဘင် ကျင်းပဆောင်ရွက်ရန်ရောက်ရှိနေသော တပည့်ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ထံ အန္တိမ ဈာပနနှင့်စပ်လျင်းသော သံဝေဂတရားနာကြားကာ ပြုသမျှ ကုသိုလ်အရပ်ရပ်ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဆရာတော် သံဃာတော်အရှင် သူမြတ်တို့အား လှူဖွယ်ဝထ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ဆရာတော်ကြီး လက်သုံးသြ၀ါဒ
``ငါ့တပည့်တွေ . . .ငါထက်ကြွားရင်, ငါထက် ပျင်းရင်၊ ငါနဲ့ မတဲ့ဘူး´´
(၁၂၈၄)ခုနှစ်. …….(၁၃၇၇)ခုနှစ်
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment