Saturday, September 12, 2015

နတ်​​မောက်​မြို့နယ်​​ရွေး​ကော က်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲနှင်​ရပ်​ကွက်​\​ကျေးရွာအုပ်​စု​ကော်​မရှင်​အဖွဲ့ခွဲများနဲ့​တွေ့ဆုံညှိနိုင်းပွဲကျင်းပ



နတ်​​မောက်​               စက်​တင်​ဘာ ၁၂

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့၌မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​များနှင့်​ရပ်​ကွက်​\​ကျေးရွာအုပ်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲဥက္ကဌ၊အတွင်း​ရေးမှူးများနှင့်​​တွေ့ဆုံညှိနိုင်း​ဆွေး​နွေးပွဲကိုစက်​တင်​ဘာ၁၁ရက်​နံနက်​၁၀နာရီိကမြို့နယ်​အုပ်​ချုပ်​​ရေးမှူးအစည်းအ​ဝေးခန်းမ၌ကျင်းပသည်​။
အဆိုပါအခမ်းအနားတွင်​မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲဥက္ကဌမှအဖွင့်​အမှာစကား​ပြောကြားပြီမြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲအတွင်း​ရေးမှူးနှင့်​မြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲဝင်​တို့မှမဲစာရင်းထုတ်​ပြန်​​ကြေညာမည့်​​နေ့ရက်​သက်​မှတ်​ခြင်းနှင့်​​ကြော်​ငြာမည့်​စာထဲတွင်​ပုံစံ(၃)၊ပုံစံ(၄)နှင့်​ပုံစံ(၄_ဂ)တို့အားစက်​တင်​ဘာ၁၄ရက်​မှ၂၇ရက်​အတွင်းပြည်​သူများမဲ​ပေးခွင့်​မဆုံးရုံး​စေ​ရေး​ဆောင်​ရွက်​သွားရန်​အသီးသီး​ဆွေး​နွေးရှင်​လင်းခဲ့သည်​။ထို့​နောက်​တက်​​ရောက်​လာကြသည့်​ရပ်​ကွက်​\​ကျေးရွာ​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲဥက္ကဌနှင့်​အတွင်း​ရေးမှူးများမှတစ်​ဦးခြင်းတင်​ပြ​ဆွေး​နွေးခဲ့ကြရာမြို့နယ်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲဥက္ကဌမှ​ဆွေး​နွေးတင်​ပြချက်​များကိုပြန်​လည်​ညှိနိုင်း​ဆွေး​နွေးခဲ့​ကြောင်းသိရသည်​။            လှဝင်း(iprd)

0 comments:

Post a Comment