စေတုတ္တရာ စက်တင်ဘာ ၉
စေတုတ္တရာမြို့နယ်၊မုန်းချောင်းရေလှောင်တမံအတွင်း
မုန်းချောင်းရေများ ၀င်ရောက်၍ ရေကြီး၊ရေလျှံ မှုများ ဖြစ်ပေါ်ခဲ့ရာ မုန်းချောင်းတမံ၏
အထက်ဘက် ပွင့်တောက်ကျေးရွာရှိ လူနေအိမ်များ ရေကြီးနစ်မြုပ်ကာ မုန်းချောင်းရေကျဆင်းသွားသော်လည်း
ရွှံ့နွံ့နှစ်များ တင်ကျန်ခဲ့ပြီး လူနေအိမ်များ ပျက်စီးခဲ့ရသည်။
အဆိုပါ ရေနစ်မြုပ်ပျက်စီးခဲ့သော
ပွင့်တောက်ကျေးရွာတွင် အိမ်ထောင်စု(၁၁၄)၊လူဦးရေ (၅၃၂)ဦး မှီတင်းနေထိုင်လျက်ရှိရာ
အိမ်ထောင်စုများအား ကျေးရွာပြောင်းရွှေ့ထူထောင်နိုင်ရေးအတွက်
ဖြူစင်မေတ္တာအင်းအားစုအဖွဲ့(ရန်ကုန်)မှငွေကျပ်
သိန်း(၉၀) ထောက်ပံ့လှူဒါန်းပွဲကို စက်တင်ဘာလ(၈)ရက် နေ့၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်
ခဲ့သည်။
အလှူငွေထောက်ပံ့လှူဒါန်းပွဲတွင်
ဖြူစင်မေတ္တာအင်းအားစုအဖွဲ့(ရန်ကုန်)ကိုယ်စာ
မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ
ဥက္ကဋ္ဌ ဦးမောင်မောင်ကျန်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကံမြင့်တို့မှ အလှူငွေများ
ပေးအပ်လှူဒါန်း ရာ ပွင့်တောက်ကျေးရွာတာဝန်ခံ ဦးစိန်ဝင်းမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း
သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment