Wednesday, September 23, 2015

ရေဘေးသင့်ကျေးရွာများရှိ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ




ပွင့်ဖြူ        စက်တင်ဘာ      ၂၁
          ရေဘေးသင့်ဒေသဖြစ်သော ပွင့်ဖြူမြို့နယ်အတွင်းရှိကျေးရွာများမှ ကျေးလက်နေပြည်သူများ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်လုပ်ကိုင်၍ မိသားစုဝင်ငွေ ပုံမှန်ရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို  လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ စက်တင်ဘာလ(၂၀)ရက်နေ့ နံနက် (၉)နာ ရီအချိန်က ပွင့်ဖြူမြို့နယ် ဟောစုကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သိန်းနွဲ့က အဖွင့်အမှာစကား ပြောကြာပြီး လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)ဦးစီးအရာရှိမှ အမျိုးသမီးများနှင့် မိသားစုများ၏ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အသက်မွေးဝမ်းကျောင်းမှုအတတ်ပညာများကို ဘ၀တစ်သက်တာအသုံးချနိုင်ရန် ရေရှည်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အဆင့်မြင့် စက်ချုပ်သင်တန်းနှင့် မုန့်မျိုးစုံ လုပ်နည်းတို့ကိုပါ တတ်မြောက်ကျွမ်းကျင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ကျွမ်းကျင်စွာ  တတ်မြောက်သွားပါက မိမိတို့ဒေသများတွင် ပြန်လည်လုပ်ကိုင်နိုင်ရန် အသက်မွေးဝမ်းကျောင်း ပညာတစ်ခု  ပိုင်နိုင်စွာ ရရှိ၍ မိသားစုဝင်ငွေတစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်မည်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
          အဆိုပါသင်တန်းတွင် စက်ချုပ်သင်တန်းသူ(၃၀)ဦးအား သင်တန်းကာလ(၁)လကြာ နှင့် မုန်းမျိုးစုံလုပ်နည်းသင်တန်းမှ သင်တန်းသူ(၅၀)ဦးအား သင်တန်းကာလ(၁၀)ရက်ကြာ စာတွေ့/လက်တွေ့ ကျွမ်းကျင်တတ်မြောက်သည်အထိ၊ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ ပွင့်ဖြူမြို့နယ်အနီးဝန်ကျင်ကျေးရွာများဖြစ် သော ဘုရားကုန်းရွာ၊ကုလားကုန်းရွာ သရက်အုပ်ကျေးရွာ၊ ယောစုကျေးရွာ၊ပိန်နဲတောကျေးရွာ၊ သံဘိုကျေးရွာ ၊ရွာသစ်ကျေးရွာ၊ညောင်ကုန်းကျေးရွာ၊ ဒေးဒရဲကျေးရွာနှင့် မင်းတဲကုန်းကျေးရွာများမှ အမျိုးသမီးများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment