မင်းဘူး စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်
ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ(၂၃)ရက်နေ့
နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေး ခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးတွင်
ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး၊တွဲဖက်အတွင်းရေးမှူး
ဦးတင်ခိုင်ဇော်မှ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရန်
ကျင့်ဝတ်များကို ရှင်းလင်းတင်ပြဆွေးနွေးပါသည်။
ထို့နောက် မင်းဘူးခရိုင်ရွေးကောက်ပွဲဆိုင်ရာ
စေ့စပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များက လုပ်ငန်း ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ
ဥက္ကဋ္ဌ /မြို့နယ်ရွေးကောက်ပွဲဆိုင် ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌများက ဆွေးနွေးတင်ပြကြပြီး၊
ခရိုင်/မြို့နယ် အဆင့်နိုင်ငံရေးပါတီကိုယ်စား လှယ်များက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း
တင်ပြကြသည်။
ဆက်လက်၍ မင်းဘူးခရိုင်
ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ မှ နိဂုံးချုပ်အမှာ စကားပြောကြားကာ
အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
အဆိုပါအစည်းအဝေးသို့
ခရိုင်ရွေးကောက်ပွဲဆိုင်ရာကော်မတီအဖွဲ့ဝင်(၁၆)ဦး၊မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ/ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌများနှင့်
အဖွဲ့ဝင်(၈)ဦးနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်(၂၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)
0 comments:
Post a Comment