Wednesday, September 23, 2015

ချိန်းတွေ့သည့် စုံတွဲများထံမှ ခြိမ်းခြောက်ငွေတောင်းသူအား အမှုဖွင့်အရေးယူ




ပခုက္ကူ     စက်တင်ဘာ     ၂၀
စက်တင်ဘာ ၁၉ ရက်နေ့ ညနေ (၃) နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်နေ မမေဇင်ညိမ်း၊ (၁၈)နှစ်သည် အမှတ်(၆)ရပ်ကွက်နေသူငယ်ချင်းဖြစ် သူ ကောင်းညိမ်းစံ(၂၃)နှစ်နှင့်အတူ ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ ဦးသီလတောင် အနီး၊လှည်းလမ်းဘေး ရှိ သစ်ပင်အောက်တွင် ထိုင်စကားပြောနေစဉ် အမည်မသိ၊ အသက်(၃ဝ)ခန့် အမျိုးသားတစ်ဦးမှ ဓါးရှည် ကိုင်လျှက်ရောက်လာပြီး ပိုက်ဆံတောင်းရာ မပါကြောင်းပြောသည်ကို မကျေနပ်ဘဲ ခြိမ်းခြောက် ကြိမ်းမောင်းပြောဆိုတောင်း၍ ငွေတစ်ထောင်တန်(၁)ရွက်အားပေးပြီး မမေဇင်ငြိမ်းနှင့် ကောင်းညိမ်းစံတို့မှာ ဆိုင်ကယ်ဖြင့်ထွက်ပြေးခဲ့ရသဖြင့် အမည်မသိ အမျိုးသားအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် မမေဇင်ညိမ်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း(ပ) ၃၆၆/၂ဝ၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၉၂ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

အမှုမှ တရားခံဖမ်းဆီးရမိရေးအတွက် ပခုက္ကူမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် တရားလို အား တရားခံ၏ ပုံသဏ္ဍာန်နှင့် ပတ်သက်၍မေးမြန်းခဲ့ရာ အသားညို၊ အရပ်ပုပု ဖြစ်ကြောင်းနှင့် ၎င်း တို့ပေးလိုက် သည့် ၁ဝဝဝိ/- တန်ငွေစက္ကူမှာလည်း ဘေးအနားပဲ့နေကြောင်း ပြောပြသိရှိရသည့်အတွက် ၎င်းနေရာသို့ သွားရောက်စုံစမ်းခဲ့ရာ အဆိုပါလူမှာ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်နေ ကုန်တင်ကုန်ချအလုပ်သမား သိန်းစိုး (၃၃)နှစ် ဖြစ်ကြောင်းသိရှိရပြီး ၎င်းးနေရာတွင် ချိန်းတွေ့သည့် စုံတွဲများထံမှထပ်မံ လုယူရန် စောင့် ဆိုင်းနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
မောင်ညီညာ(မြေလတ်)

0 comments:

Post a Comment