Saturday, September 12, 2015

သရက္ခန်-ရွှေတန့်တစ်လမ်း ကတ္တရာခင်းခြင်း

မွေးမြူရေးရေလုပ်ငန်းနှင့်  ကျေးလက်ဒေသ  ဖွံ့ဖြိုးရေး ဝန်ကြီးဌာန  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၁၆၈.၁၄ ဖြင့် သန်းလွင်ဦးကုမ္ပဏီလီမိတက်မှ တင်ဒါအောင်မြင်ခဲ့ပီး တာဝန်ယူဆောင်ရွက်လျက်ရှိသော သရက္ခန်-ရွှေတန့်တစ်လမ်း ကတ္တရာခင်းခြင်း ၁/၁မိုင်နှင့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း ၁/၀ မိုင် ဆောင်ရွက်နေခြင်းလုပ်ငန်းအား  ပခုက္ကူခရိုင် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ  ခရိုင်ဦးစီးမှူး ဦးဇော်မျိုးထွေးနှင့် ပခုက္ကူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်မာနှင့်ဝန်ထမ်းများ
မှ သတ်မှတ်စံချိန်စံညွှန်းအတိုင်း သတ်မှတ်ချိန်ပြီးစီးရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ရာ ကတ္တရာခင်းခြင်းလုပ်ငန်း ၈၀ရာခိုင်နှုန်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။ကျေးလက်ဒေသနေပြည်သူများနှင့် မြန်မာပြည်အနှံ့ ဘုရားဖူး ဧည့်သည်တော်များ လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့၍ကောင်းမွန်စွာသွားလာနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပခုက္ကူခရိုင် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန


0 comments:

Post a Comment