Monday, September 28, 2015

အင်န်အယ်လ်ဒီအား မဲမပေးရန် သွယ်ဝိုက်၍ တိုက်တွန်းနှိုးဆော်သူနှစ်ဦးအား တိုင်တန်းမှုဖြစ်ပွား

အင်န်အယ်လ်ဒီအား မဲမပေးရန် သွယ်ဝိုက်၍ တိုက်တွန်းနှိုးဆော်သူနှစ်ဦးအား တိုင်တန်းမှုဖြစ်ပွား
************************************************************
မကွေးမီဒီယာ ၊ မကွေး၊ စက်တင်ဘာ ၂၅
မကွေး တိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အား မဲ မ ပေးရန် သွယ်ဝိုက်၍ တိုက်တွန်းနှိုး ဆော်သူ အမျိုးသားနှစ်ဦးအား စက် တင်ဘာ ၂၄ ရက်က တိုင်ကြားခဲ့ သောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ)ဖြင့် အမှုဖွင့်ထား ကြောင်း ကန်နယ်မြေရဲစခန်းမှ သိ ရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၅ ရက် နံနက်ခုနစ်နာရီခန့်က ဂန့် ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ ရှိ ''မြမင်္ဂလာ''ဘုန်းတော်ကြီးကျောင်း ၌ ဥပုသ်သီလစောင့်ရန် ရောက်ရှိ နေကြသော ရွာသူရွာသားများအား ဦးအေးဖေ အသက်(၆၈)နှစ်၊ မြောက် ခင်ရန်းရွာနေသူနှင့် တစ်ရွာတည်း နေ ဦးသန်းဖေ အသက်(၆၅)နှစ် တို့နှစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည် နှင့် ၄င်းပါတီ နှစ်ရပ်လုံးအား ထောက် ခံမှု မပြုလုပ်ကြရန် ''အမျိုးဘာသာ သာသနာချစ်သူ ရဟန်းရှင်လူ ပြည် သူများသို့''ဟု ခေါင်းစဉ်တပ်ထား သည့် စာစောင်များ ဖြန့်ဝေနေကြောင်း မြောက်ခင်ကျေးရွာနေ ဒေါ်ညွန့်စိန်၊ ဦးမြတင်၊ ဦးဝင်းအောင်၊ ဦးရဲဘတို့ လေးဦးမှ ဦးမြင့်ဇော် အသက်(၄၉) နှစ် (တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ခရိုင်ဥက္ကဋ္ဌ)၊ ကန်ကျေးရွာ ဂန့်ဂေါမြို့နယ်နေသူ နှင့် NLD ပါတီဝင်များဖြစ်သည့် မြောက်ခင်ရန်းကျေးရွာနေ ဦးတင် အောင်လွင်၊ ဦးဝင်းကြိုင်၊ ဦးဇော်မိုး နိုင်၊ ဦးစံကျော်တို့လေးဦးထံသို့ အ ဆိုပါ ဖြန့်ဝေစာစောင်များအား လာ ရောက်ပြောဆို ပေးအပ်ခဲ့သဖြင့် NLD အား မဲမပေးရန် သွယ်ဝိုက် ၍ တိုက်တွန်းနှိုးဆော်သည့် ဦးသန်း ဖေနှင့် ဦးအေးဖေတို့ နှစ်ဦးအား အ ရေးယူပေးပါရန် ဦးမြင့်ဇော်မှ တိုင် ကြားခဲ့သောကြောင့် ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းမှ (ပ)၆၉/၂ဝ၁၅ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈(ဂ)ဖြင့် အမှုဖွင့်ထားသည်။
‪#‎YangonMediaGroup‬ ‪#‎FlowerNewsJournal‬

0 comments:

Post a Comment