Friday, September 18, 2015

ပေါက်မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ် ကြေငြာ




ပေါက်   စက်တင်ဘာ   ၁၇

          ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး
သူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အခြေခံမဲဆန္ဒရှင်စာရင်းကို ပေါက်မြို့နယ်အတွင်းရှိ ရပ်ကွက်/
ကျေးရွာအုပ်စုများနှင့် ကျေးရွာများတွင် နယ်မြေအလိုက် စက်တင်ဘာ(၁၄)ရက်မှ (၂၇)ရက်အထိ ဒုတိယအကြိမ်
ကြေငြာခဲ့ကြောင်း သိရသည်။
          ၂၀၁၅ ခုနှစ် ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းများကို အတည်ပြုရန်နှင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါ မပါ
သွားရောက်ကြည့်ရှုကြရန်၊ အသက်(၁၈)ပြည့်ပြီး မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိနေသူများကို ပုံစံ ၃ ဖြင့် ဖြည့်ပေးရန်၊ အချက်အလက် မှားယွင်းလျှင် ပုံစံ ၄(ဂ)ဖြင့် ပြင်ဆင်ဖြည့်စွက်ရန် ၊မဲပေးပိုင်ခွင့် မရှိသူများ ပါဝင်နေပါက ပုံစံ ၄ ဖြင့်
ကန့်ကွက်လွှာ     တင်ပြနိုင်ကြောင်းနှင့်    မဲစာရင်း မှားယွင်းမှုရှိနေသော်လည်း မဲပေးခွင့် မဆုံးရှုံးစေရန်၊ ခိုင်လုံမှု
အထောက်အထားများ တင်ပြနိုင်လျှင် မဲပေးနိုင်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ရှင်းလင်းပြောကြား
ခဲ့သည်။                ဉာဏ်တိုး(ပေါက်)

0 comments:

Post a Comment