Wednesday, September 9, 2015

ယဉ်ကျေးလိမ်္မာ စာမေးပွဲအောင်လက်မှတ်နှင့်ထူးချွန်သူများအား ဆုချီးမြှင့်


မြိုင်-စက်တင်ဘာ-၇
        မကွေးတိုင်းဒေသကြီး၊ ပခုက်္ကူခရိုင်-မြိုင်မြို့နယ် အမျိုးဘာသာ သာသနာ
စောင့်ရှောက်ရေးအဖွဲ့မှ ကျင်းပပြုလုပ်သော  ယဉ်ကျေးလိမ်္မာ စာမေးပွဲအောင်လက်မှတ်
နှင့် ထူးချွန်စွာ အောင်မြင်ကြသော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၆ ရက်နေ့ နေ့လည် ၁၂နာရီက မြိုင်မြို့၊အမှတ်(၁)ရပ်ကွက်၊ထန်းငယ်တောရပ်
စိမ့်စမ်းမြိုင် ပရိယတ်္တိစာသင်တိုက်ရှိ ဓမ်္မာလင်္ကာရကျောင်းဆောင်တော်ကြီးအတွင်း၌ ကျင်းပ
ပြုလုပ်သည်။
        အဆိုပါ ဆုပေးပွဲတွင် သံဃာတော်များနှင့် ဒါယကာ၊ဒါယိကာမများက နမောတဿ သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ကြပြီး မြို့နယ်အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ သြ၀ါဒါစရိယ မြိုင်မြို့၊ ပါဠိမဉ်္ဇူကျောင်းဆရာတော် ဦးအရိယဓမ်္မ
ဆရာတော်ထံ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်က သီလ
ဆောက်တည်ခြင်း၏ အခြေခံမှာ ကလေးသူငယ်များအား ယဉ်ကျေးလိမ်္မာအောင် ပညာသင်ကြားခြင်း၊ ဗုဒ်္ဓမြတ်စွာဘုရား၏ အဆုံးအမများကို လေ့လာ၊ခံယူ၊လိုက်နာကြပြီး
ကျင့်ကြံအားထုတ်နိုင်ကြရန်အတွက် ယင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပို့ချကြကာ
စာမေးပွဲများ ကျင်းပရကြောင်း သြ၀ါဒစကားချီးမြှင့်သည်။
        ဆက်လက်၍ ဆရာတော်များက ယဉ်ကျေးလိမ်္မာစာမေးပွဲအောင်လက်မှတ်
များ ပေးအပ်ကြပြီး ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/ကျောင်းသူများအား မြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးရဲကျော်သူဝင်း၊သာသနာရေးဦးစီးမှူး
လ၀ကမှူး ဦးခင်ဆွေ၊ ရွှေမြင်းတင်ဘုရားဂေါပက ဥက်္ကဋ္ဌ ဦးလှသောင်နှင့်မြို့နယ်ဖွံ့ဖြိုးရေး
အထောက်အကူပြု ဥက်္ကဋ္ဌ ဦးကျော်အေးတို့က ဆုများချီးမြှင့်ပေးကြသည်။
        ဆုပေးပွဲတွင် အလယ်တန်းအဆင့် ပထမဆု ငွေကျပ်တစ်သောင်း၊ဒုတိယဆု
ငွေကျပ် ခုနှစ်ထောင်၊တတိယဆု ငွေကျပ်ငါးထောင် ဖြစ်ပြီး၊ မူလတန်းအဆင့် ပထမဆု
ငွေကျပ် ခုနှစ်ထောင်၊ဒုတိယဆု ငွေကျပ် ငါးထောင်၊တတိယဆု ငွေကျပ် သုံးထောင်နှင့်
အထူးဆု ငွေကျပ် နှစ်ထောင်ဖြင့် အသီးသီး ဆုချီးမြှင့်၍ ဆုရရှိသူ ကျောင်းသား/ကျောင်းသူ
များအနေဖြင့် ၀မ်းသာကြသည်။
        ဆုချီးမြှင့်ပွဲတွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ငွေကျပ်
ငါးသိန်းခုနှစ်သောင်းနှင့်သီးသန့်အလှူရှင်မှ ငွေကျပ် လေးသိန်းတို့ဖြင့် ဆုပေးပွဲ ကျင်းပကာ
အခမ်းအနားကို ဗုဒ်္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍  ပြီးစီးကြောင်း သိရသည်။
       
                            အောင်ကျော်မြင့်

0 comments:

Post a Comment