Wednesday, September 23, 2015

ကျေးရွာမီးလင်း​ရေးအတွက်​ဆို လာပြားနှင့်​မီးလင်း​ရေးပစ္စည်းများလွှဲ​ပြောင်း​ပေးအပ်


နတ်​​မောက်​               စက်​တင်​ဘာ၂၂

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​၂၀၁၅_၂၀၁၆ဘဏ္ဍာ​ရေးနှစ်​မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနရန်​ပုံ​ငွေဖြင့်​​ဆောင်​ရွက်​သည့်​​ကျေးလက်​မီးလင်း​ရေးဆိုလာပြား​ပေးအပ်​ပွဲအခမ်းအနားကိုစက်​တင်​ဘာ၂၁ရက်​မွန်းလွဲ၁နာရီကနဘူးကွဲ​ကျေးရွာအ​ခြေခံပညာမူလတန်းလွန်​​ကျောင်းတွင်​ကျင်းပသည်
အခမ်းအနားတွင်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ဌေး​အောင်​မှအဖွင့်​အမှာစကား​ပြောကြားပြီးမြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနဦးစီးမှူးဦးစိုးမင်းထွန်းနှင့်​Pro Engineering ကုမ္ပဏီတာဝန်​ခံအင်​ဂျင်​နီယာတို့မှဆိုလာမီးလင်း​ရေးနှင့်​ပတ်​သက်​​သောအ​ကြောင်းအရာများကိုရှင်းလင်း​ပြောကြားခဲ့သည်​။ထို့​နောက်​နဘူးကွဲ​ကျေးရွာရှိအိမ်​​ခြေ၁၅၂အိမ်​ရှိအိမ်​​ထောင်​စုများအတွက်​မြို့နယ်​အုပ်​ချုပ်​​ရေးမှူးနှင့်​မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနဦးစီးမှူးတို့ကတစ်​အိမ်​​ထောင်​လျှင်​ဆိုလာပြားနှင့်​မီးလင်း​ရေးအ​ထောက်​အကူပစ္စည်းများ​ပေးအပ်​ခဲ့​ကြောင်းသိရသည်​။
       လှဝင်း(iprd)

0 comments:

Post a Comment