ဆိပ်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊
ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် စက်တင်ဘာ
၁၂ ရက်နေ့ ည (၉း၄၅)နာရီ အချိန်ခန့်တွင် ဆိပ်ဖြူ-ဆော ကားလမ်း မိုင်တိုင် အမှတ်
(၈/၃) အကြား၊ ဂွေးပင်ကျေးရွာအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သက်သေ
များ နှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းလမ်းအတိုင်း ဆိပ်ဖြူဘက်မှ ဆောဘက်သို့
ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာနေသူ ယာဉ်မောင်း ထွန်းမောင် (၃၆)နှစ်
မောင်းနှင်သော ၉ဌ/xxxx မှန်ထောင်ဖော စိမ်းပြာကြားရောင် ယာဉ်သည် ရှေ့မီးလုံးများ
ပျက်တောက်သွားပြီး လမ်းယာဘက် ဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ
ရေနံချောင်းမြို့နယ်၊ ဂျုတ်ပင် ကျေးရွာနေသူ မဇင်မာငြိမ်း (၂၁)နှစ်
ပါ(၂)ဦးတို့တွင် အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ
ထွန်းမောင်အား ဆိပ်ဖြူမြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း
သိရှိရသည်။
မောင်ညီညာ(မြေလတ်)
0 comments:
Post a Comment