Thursday, September 3, 2015

ဆိပ်ဖြူမြို့နယ် နုံပုံဝဲမ-အနောက်ကမ်ဖြူ ကျေးရွာချင်းဆက်လမ်းဖောက် လုပ်ပေး



ဆိပ်ဖြူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်
 ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ ကျပ်သန်း(၂၀)ဖြင့် နုံပုံ-၀ဲမ-အနောက် ကမ်ဖြူ ကျေးရွာချင်းဆက်လမ်းကို ဖောက်လုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။
အဆိုပါကျေးရွာချင်းဆက်လမ်းကို စက်တင်ဘာ ၂ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုး၊ မြိုနယ်စီမံခန့် ခွဲမှုကော်မတီဥက္ကဋ္ဌဦးဥာဏ်မျိုး၊မြိုနယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်ကူပြုဥက္ကဋ္ဌ၊ မြိုနယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိတို့လိုက်ပါ၍ ကျေးရွာချင်းဆက်ဖောက်လုပ်နေမှုကို ကွင်းဆင်းကြည်ရှုခဲ့သည်။ မြိုနယ်စည်ပင်သာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာက လုပ်ငန်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ နုံပုံဝဲမ-အနောက်ကမ်ဖြူ ကျေးရွာချင်းဆက်လမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ ကျပ်သန်း(၂၀)ဖြင့် သြဂုတ်လ ၁၆ ရက်နေ့မှ စတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကတာဝန်ယူဖောက် လုပ်ပေးလျက်ရှိပြီး လမ်းအရှည် ၂မိုင်၊လမ်းအကျယ် ၂၂ပေရှိ ကြောင်း အဆိုပါလမ်းဖောက်လုပ်ပြီးစီးပါက ကျေးရွာ ခုနှစ်ရွာမှ
ဒေသခံပြည်သူအများတွက် အကျိုးပြုလမ်းတစ်လမ်း ဖြစ်ကြောင်းသိရှိရသည်။
မကွေးသတင်းစုံ

0 comments:

Post a Comment