Wednesday, September 23, 2015

ဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျော င်း​တော်​ဖွင့်​ပွဲ


နတ်​​မောက်​                  စက်​တင်​ဘာ၂၁
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​စည်​သာ​ကျေးရွာအုပ်​စုကြက်​လျှာ​ကျေးရွာတွင်​စက်​တင်​ဘာ၂၁ရက်​နံနက်​၉နာရီခွဲကဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်း​တော်​ဖွင့်​ပွဲကိုရွာဦးဘုန်း​တော်​ကြီး​ကျောင်းတွင်​ကျင်းပခဲ့သည်​။
အခမ်းအနားတွင်​ဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာဓမ္မ​ကျောင်း​တော်​ဖြစ်​မြောက်​​ရေးသြဝါဒဆရာ​တော်​ဦးနန္ဒဝံသမှသြဝါဒစကားများချီးမြှ့င်​ဖွင့်​လှစ်​​ပေးပြီးမြို့နယ်​လုံးဆိုင်​ရာဓမ္မ​ကျောင်း​တော်​ဖြစ်​​မြောက်​​ရေး​ကော်​မတီဥက္ကဌဦးဥာဏ်​ရှိန်​မှဓမ္မ​ကျောင်း​တော်​ဖွင့်​လှစ်​ရခြင်း၏ရည်​ရွယ်​ချက်​များနှင့်​အနာဂတ်​ကိုပိုင်​ဆိုင်​ထားကြတဲ့လူငယ်​​မောင်​မယ်​များဗုဒ္ဓဘာသာပြန်​ပွား​ရေးအတွက်​အရှည်​တည်​တံ့ခိုင်​မြဲ​အောင်​​ဆောင်​ရွက်​သွားကြရန်​​ပြောကြားခဲ့သည်​။ဆက်​လက်​၍မြို့နယ်​လုံးဆိုင်​ရာဓမ္မ​ကျောင်း​တော်​ဖြစ်​​မြောက်​​ရေး​ကော်​မတီမှအ​ခြေခံဖတ်​စာအ​ခြေခံဖတ်​စာ(၁)နဲ့(၂)၊​ရောင်​စုံခဲတံဗူး၊ပုံဆွဲ(၄)မျိုး၊ဗလာစာအုပ်​၊ဆရာကိုင်​စာအုပ်​၊ဆိုင်းဘုတ်​ဗီနိုင်းနှင့်​ရှိခိုးနည်းဗီနိုင်းတို့ကိုလှူဒါန်း​ပေးခဲ့ပြီးဓမ္မ​ကျောင်း​တော်​တက်​​ရောက်​မည်​​ကျောင်းသား\သူ(၈၅)ဦးနှင့်​သင်​ကြားပို့ချ​ပေးမည့်​ဆရာ\မ(၁၀)ဦးတို့မှအပတ်​စဉ်​တနင်္ဂ​နွေ​နေ့တိုင်းသင်​ကြားပို့ချသွားမည်​ဖြစ်​​ကြောင်းသိရသည်​။ထို့​နောက်​အခမ်းအနားသို့ဗုဒ္ဓဘာသာယဉ်​​ကျေးလိမ္မာပြန့်​ပွား​ရေးဆရာ​တော်​များနှင့်​အလှူရှင်​များ၊မြို့နယ်​ဓမ္မ​ကျောင်း​တော်​ဖြစ်​​မြောက်​​ရေး​ကော်​မတီဥက္ကဌနှင့်​​ကော်​မတီဝင်​များ၊​ကျေးရွာပြည်​သူများတက်​​ရောက်​ကြ​ကြောင်းသိရသည်​။          လှဝင်း(iprd)

လှဝင်း

0 comments:

Post a Comment