Thursday, September 3, 2015

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ




မကွေး စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ၊မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဌ၊
 တိုင်းဒေသကြီးဥပဒေချုပ်၊စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီိးတရားသူကြီးချုပ်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးကော်မရှင်ဥက္ကဌနှင့် ကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ခရိုင်အုပ်ချုပ်ရေးမှူးများနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးကော်မရှင်အဖွဲခွဲဥက္ကဌမှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ရှင်း

လင်းဆွေးနွေးပြီး ကော်မရှင်အဖွဲ့ခွဲတွင်ပါဝင်သောဌာနဆိုင်ရာများမှအသီးသီး ဆွေးနွေးခဲ့ကြသည်။
 ဆွေးနွေးတင်ပြချက်များအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ
နိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲတွင်ပါဝင်သောဌာနဆိုင်ရာများအနေဖြင့် ကော်မတီအလိုက်အမှန်တကယ် တာဝန်ထမ်းဆောင်နိုင်မည့်သူများကိုစုဖွဲ့ပြီး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ယခုပြုလုပ်မည့် ရွေးကောက်ပွဲ
ဆိုင်ရာ တွေ့ကြုံရမည့်အနေ အထားများ၊လုံခြုံရေးအစီအမံများနှင့်ပတ်သက်ပြီး သက်ဆိုင်တဲ့ဌာနဆိုင်ရာအဖွဲ့ အစည်းများ အနေနဲ့ လိုအပ်ချက်တွေရှိလာရင် တင်ပြပေးရန်နှင့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အတွက် ၀ိုင်ဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း စသည်ဖြင့် အကျယ်တ၀ံ့လမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment