Sunday, September 13, 2015

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ




မင်းဘူး     စက်တင်ဘာ      ၁၃
          ၂၀၁၅-ခုနှစ်၊စက်တင်ဘာလ(၁၃)ရက်နေ့ တွင်ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မင်းဘူးမြို့နယ် အ.ထ.က(၂)ကျောင်းခန်းမတွင် ယင်းနေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်သည်။
 အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်မှ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ပိုစတာ၊ကဗျာ၊စာစီ စာကုံး ပြိုင်ပွဲများတွင်ဆုရရှိကြသော မင်းဘူးခရိုင်အတွင်းမှ မြို့နယ်များရှိ ကျောင်းသား/ကျောင်းသူ ခရိုင်အဆင့်ဆုရရှိသူ(၃၈)ဦး၊မြို့နယ်အဆင့် ဆုရရှိသူ(၃၆)ဦးတို့အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
          အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment