Wednesday, September 9, 2015

စားသုံးသူအကာကွယ်​​ပေး​ရေးဆိုင် ​ရာအသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ



နတ်​​မောက်​           စက်​တင်​ဘာ ၈

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ကုန်​သွယ်​မှုမြှင့်​တင်​​ရေးနှင့်​စားသုံးသူ​ရေးရာဦးစီးဌာနမှကြီးမှူးကျင်းပ​သောရပ်​ကွက်​\​ကျေးရွာများရှိ​အ​ခြေခံပညာ​ရေးစာသင်​​ကျောင်းများတွင်​စားသုံးသူအကာကွယ်​​ပေး​ရေးဆိုင်​ရာအသိပညာ​ပေး​ဟော​ပြောပွဲကိုစက်​တင်​ဘာ၈ရက်​နံနက်​၉နာရီကရွာ​တော်​​ကျေးရွာအ​ခြေခံပညာအလယ်​တန်း​ကျောင်းခွဲတွင်​ကျင်းပသည်​။
ဟော​ပြောပွဲတွင်​မြို့နယ်​ကုန်​သွယ်​မှုမြှင့်​တင်​​ရေးနှင့်​စားသုံးသူ​ရေးရာဦးစီးဌာနမြို့နယ်​တာဝန်​ခံနှင့်​မြို့သစ်​မြို့နယ်​တာဝန်​ခံတို့ကစားသုံးသူအကာကွယ်​​ပေး​ရေးဆိုင်​ရာဥပ​ဒေအ​ကြောင်းအရာများ၊စားသုံးရန်​မသင့်​သည့်​​ဖျော်​ရည်​၊မုန့်​မျိုးစုံကုန်​ပစ္စည်းများနှင့်​ဓါတုဆိုး​ဆေးများကင်းလွတ်​သည့်​အစားအစာများစားသုံးရန်​တို့ကို​ဆွေး​နွေး​ဟော​ပြောသည်​။ဟော​ပြောပွဲသို့​ကျောင်းအုပ်​ဆရာမကြီးနှင့်​ဆရာ၊ဆရာမများ၊​ကျောင်းအကျိုး​တော်​​ဆောင်​များ၊​ကျောင်းသား၊​ကျောင်းသူများတက်​​ရောက်​ခဲ့ကြသည်​။ဆက်​လက်​၍မွန်းလွဲ၁နာရီတွင်​​​ကျောက်​တန်း​ကျေးရွာအုပ်​စုသာယာ​အေး​ကျေးရွာအ​ခြေခံပညာမူလတန်း​ကျောင်းတွင်​လည်းစားသုံးသူအကာကွယ်​​ပေး​ရေးဆိုင်​ရာ​ဟော​ပြောပွဲကျင်းပ​ပေးခဲ့​ကြောင်းသတင်းရရှိသည်​။
                             လှဝင်း(iprd)

0 comments:

Post a Comment