Saturday, September 12, 2015

ရေစကြိုမြို့ပေါ်ရပ်ကွက် အချို့ရေ၀င်သော်လည်း စိုးရိမ်ဖွယ်မရှိ




ရေစကြို     စက်တင်ဘာ     ၁၁
          မကွေးတိုင်းဒေသကြီး ရေစကြိုမြို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်တဲ့ အမှတ်(၁)ထင်းတန်းရပ်ကွက်၊သုခ၀တီရပ်ကွက်၊အမှတ်(၈)ရပ်ကွက် စိတ်တ္တသုခတောင်ပိုင်း၊လေးရာပြည့် ဇေယျဝတီရပ်ကွက်နှင့်ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ကျေးရွာများတွင် မြစ်ရေပြန်လည်မြင့်တက်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးရန်အထိ မလိုသေးကြောင်း သိရသည်။ မြစ်နှင့် အလွန်နီးကပ်သော လူနေအိမ်အချို့သာ ၄င်းတို့၏ ဆွေမျိုးသားချင်းနေအိမ်များသို့ ခေတ္တပြောင်းရွေ့နေထိုင်လျက်ရှိပြီး ချင်းတွင်းမြစ်ရေ အခြေအနေ မှာ(၁၁-၉-၂၀၁၅)ရက်နေ့အထိ ( ၂၉.၆’ )သာရှိ၍ မြို့၏စိုးရိမ်ရေအမှတ်မှာ (၂၈.၇’) ရှိပြီး စိုးရိမ်ရေအမှတ်ထက် (   . ၉’ ) ကျော်လွန်နေသော်လည်း စိုးရိမ်ဖွယ်မရှိကြောင်းနှင့် ချင်းတွင်းမြစ်ရေမှာ ယနေ့မှစ၍ ပြန်လည်ကျဆင်းလျှက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment