Saturday, September 12, 2015

မြစိမ်းရောင်(ငါးကဏ္ဍ) အရင်းမပျောက်မတည်ရန်ပုံငွေထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်း




ပွင့်ဖြူ             စက်တင်ဘာ       
            ပွင့်ဖြူမြို့နယ်အတွင်း ရေကြီး၊ရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ရေလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကျေးလက်နေ ရေလုပ်သားများ ငါးသယံဇာထုတ်လုပ်မှု ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ရင်းနှီးမတည်ငွေ အထောက်အပံ့ ဖြစ်စေရန်ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ကျေးရွာများသို့ ကွင်းဆင်၍ မြစိမ်းရောင်(ငါးကဏ္ဍ) အရင်းမပျောက် မတည်ရန်ပုံငွေ ထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းပေးလျက်ရှိသည်။
            ပွင့်ဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ စက်တင်ဘာလ(၈)ရက်နေ့က ပေါက်ကုန်းကျေးရွာသို့ကွင်းဆင်း၍ မတည်ရန်ပုံငွေကျပ် သိန်း(၃၀၀) လွှဲပြောင်းပေးနိုင်ရေးအတွက် မြစိမ်းရောင်(ငါးကဏ္ဍ) အရင်းမပျောက် မတည်ရန်ပုံငွေ ကြီးကြပ်ရေးအဖွဲ့နှင့် ဘဏ္ဍာငွေထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းရာ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဖိုးပါ ၊မြို့နယ်ကျေးလက်ဦးစီးမှူး ဦးကျော်ကျော်အောင် ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးကိုကိုလွင်နှင့်ဝန်ထမ်းများမှ ပေါက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များရှေ့မှောက်တွင် ရေလုပ်သား(၈၅)ဦးတို့ကို အများဆန္ဒဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး(မင်းဘူး)

0 comments:

Post a Comment